Tuesday, July 16, 2019

ဘဝမှာ တကယ်​အ​ရေးကြီး​နေတာ..ဘာလဲ..

ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်ထဲက အ​ကြောင်း​လေး မှတ်​မိ​နေတယ်​..

စာရေးသူက သူငယ်ငယ်ကကိုယ့်ကားကိုယ်မောင်းပြီးကျောင်းကိုလာတဲ့ဆရာမ​ကို.. ဘိုးဘွားရိပ်သာမှာချို့ချို့တဲ့တဲ့တွေ့လိုက်ရတော့အရမ်းကိုအံ့အားသင့်သွားမိတယ်လို့..ရေးထားခဲ့တယ်..

အဲဒါကိုဖတ်ရတုန်းက ကျွန်မစိတ်ထဲယုံတယ်..မယုံဘူး..ဆိုတာထက်​.ဖြစ်နိုင်တယ်..မဖြစ်နိုင်ဘူး..ဆိုတာကိုစဉ်းစားမိ​နေခဲ့​သေးတယ်​..

ခု​တော့..
ကံကြမ္မာဆိုတာ..လှည့်စားတတ်တယ်ဆိုတာကို..
ကျွန်​မ..လက်ခံလိုက်​မိတယ်..

တစ်​ခါ ဘိုးဘွား​တွေကို ​စောင့်​​ရှောက်​ထားတဲ့ ​ဂေဟာတစ်​ခုကို အလှူသွားလုပ်​​တော့..
အဲဒီမှာ ​တွေ့ခဲ့ရတဲ့
အမျိုးသမီးကြီးဟာ..အင်္ဂလိပ်​လို ​ကောင်း​ကောင်း ​ပြောတတ်​ပါတယ်​..
မေးကြည့်​​တော့..သူ..အရင်​က. ဆရာမတစ်ဦးပါ..တဲ့..

ကျွန်​မ​လေ..ဖတ်​ဖူးတဲ့ စာထဲက.. ကားကိုယ်​တိုင်​​မောင်းပြီး ​ကျောင်းတက်​တယ်​ဆိုတဲ့ ဆရာမ​လေးကို မျက်​စိထဲ ချက်​ချင်းကို ​ပြေးမြင်​လိုက်​မိတယ်​ ..

သူ..အင်္ဂလိပ်လို..​ပြောနေပုံက..​ပြောကျင့်​ရှိမှန်း သိသာတယ်
သက်တောင့်သက်သာနဲ့မွှတ်နေအောင်ပြောနိုင်ပါတယ်..သူပြောပုံဆိုပုံ..သုံးနှုန်းတဲ့စကားကိုကြည့်ပြီးသူဟာ..အထက်လွှာအသိုင်းအဝိုင်းတစ်ခုမှာဝင်ဆန့်ခဲ့တဲ့ပညာတတ်တစ်ဦးမှန်းသိနိုင်ပါတယ်..

စာထဲမှာဖတ်​ခဲ့ရတဲ့ ဆရာမ​လေးလို..သူဟာ..တစ်​ချိန်​က သူ့ကားသူ​မောင်းပြီး..​ကျောင်းသွားခဲ့ဖူးတဲ့ ဆရာမ​လေးလည်း ဖြစ်​ချင်​ဖြစ်​ခဲ့မှာ​ပေါ့..
စာသင်​ခန်း​ရှေ့မှာ..က​လေး​တွေကို အင်္ဂလိပ်​စာ​တွေ
.​ကျော့​ကျော့​မော့​မော့​လေး..သင်​​ပေးခဲ့သူ ဖြစ်​ခဲ့မှာ​ပေါ့..

ခုတော့လည်း..သူ့ဘဝက..ဘိုးဘွားရိပ်သာက အဖွားဆောင်မှာ..
သူပိုင်သမျှခွက်ကလေးတွေ..ပလုံးလေးတွေ..ဝိုင်းနေတဲ့..သံကုတင်တစ်လုံးပေါ်မှာ...
လာသမျှ အလှူရှင်​​တွေကိုနှုတ်​ဆက်​..
နိုင်​ငံခြားသား​တွေပါလာရင်​..အင်္ဂလိပ်​လို​လေး​တွေ​ပြော..
ဟယ်​..အင်္ဂလိပ်​လို ​ပြောတတ်​လိုက်​တာ..အဖွားရယ်​..
ချီးကျူးသံ​တွေကြားရရင်​ ဝမ်းသာ​ပျော်​ရွှင်​လို့..အတိတ်​က ​ရွှေ​ရောင်​လွှမ်းခဲ့တဲ့ ဘဝ​လေးကို တမ်းတလို့​ပေါ့..

တကယ်​​တော့..
ဘဝ​ရဲ့ အလှည့်​အ​ပြောင်း​တွေဟာ သိပ်​​ကြောက်​စရာ​ကောင်းပါတယ်
ကိုယ်​မထင်​မှတ်​​ထားတဲ့ အဆုံးသတ်​အ​ခြေအ​နေ​တွေကို ကိုယ်​..ကိုယ်​တိုင်​ ​ရွေးချယ်​လိုက်​ရတာ​တွေရှိတယ်​..
မဖြစ်​နိုင်​ဘူးလို့ ထင်​ထားခဲ့သမျှ..လက်​သင့်​ခံလိုက်​ရတာ​တွေရှိတယ်​..

ဒါ​ပေမဲ့.. ကျွန်​မတို့​တွေဟာ..မာန​တွေနဲ့ ​ထောင်​မတ်​​နေကြတုန်းပဲ..

ကျွန်​မဟာ..သိပ်​လှပါတယ်​..
ကျွန်​မကို ..သိပ်​​ချောတယ်​လို့​ပြောကြတယ်
ကျွန်​မ..ဒါကို ပထမဆုံးလုပ်​​ခဲ့တာ..
ဒါက..ကျွန်​မကစခဲ့တာ..

အစရှိသဖြင့်​..အတည်​​ပေါက်​ကြီးနဲ့ တကယ်​ကို ​မော်​ကြွား​နေကြတဲ့သူ​တွေကို ဆိုရှယ်​မီဒီယာ​ပေါ်မှာ​ ခဏခဏ​တွေ ​တွေ့လာရ​တော့..အံသြမိတယ်​..

စစချင်း​တွေ့တုန်းက..အဲဒီတစ်​​ယောက်​..​နောက်​​နေတယ်​မှတ်​လို့..
..ဒါ​ပေမဲ့...တစ်​ခါလာလည်း...
...ကျွန်​မကို သိပ်​​ချောတယ်​လို့ ​ပြောကြတယ်​..
ကျွန်​မ..ကိုယ်​ခန္ဓာက..ဘယ်​လို..
..ဆိုတာ​တွေ အတည်​​ပေါက်​ကြီး​ရေးလာ​တော့မှ..
..​သြော်​..ရုပ်​ကို သာယာ​နေတာလည်း အလွန်​အကျွံပါပဲလား..လို့ စိတ်​ထဲဖြစ်​ရ​တော့တယ်​..

သူသာလျှင်​..အ​တော်​ဆုံး..
အလှပဆုံး.. အထက်​မြက်​ဆုံး..
သူ့ကိုယ်​သူသာ..အားကျ ချီးမွမ်း​နေတဲ့ သူမျိုး​တွေ​ပေါ့..

အခုကြည့်​လိုက်​ရင်​..ဘယ်​လိုနယ်​ပယ်​မှာပဲဖြစ်​ဖြစ်​..
ဘာမှမဟုတ်​တဲ့ ​ရေအိုင်​က​လေး​တွေထဲမှာ..အချင်းချင်း.. .
ပြိုင်​ဆိုင်​ကူးခတ်​​နေကြတုန်းပဲ..
ပင်​လယ်​ကြီးထဲက​ရေ​တွေကိုလည်း ကိုယ်​တစ်​​ယောက်​တည်း အငမ်းမရ ​သောက်​ဖို့ ကြိုးစား​နေကြတုန်းပဲ..

နောက်​ အနှစ်​နှစ်​ဆယ်​မှာ..ဘာဖြစ်​​နေမယ်​မှန်း မသိ​နိုင်​တဲ့ ဘဝ​တွေ..
သေ​​နေပြီလား..ရှင်​​နေတုန်းပဲလား​တောင်​..
မ​သေချာတဲ့ ဘဝ​တွေအတွက်​..
အချင်းချင်း ပုတ်​ခတ်​ကြ...နှိမ်​ချကြနဲ့..
နေရာ​လေးတစ်​​နေရာ..ရဖို့အ​ရေး..
အလုအယက်​ ကြိုးစား​​နေကြရတာ..
ကိုယ့်​ကိုယ်​ကို ပွဲထုတ်​​နေရတာ..
သနားစရာ..ရှက်​စရာပါပဲ..

ဆိုရှယ်​မီဒီယာ မှာ..
အဲလိုလူမျိုး​တွေ..​တွေ့ရ​တော့​မောလာတယ်​..
ထင်​မထားတဲ့ ကိုယ့်​မျက်​နှာသိ​တွေ​တောင်
ဒီလို​တွေ..ဖြစ်​လာကြ​တာ..​တွေ့ရ​တော့..သူတို့ကိုမြင်​​နေရတာ..ဘာမှ အကျိုးမရှိဘဲ..အချိန်​​တွေကုန်​..အာရုံ​တွေ​နောက်​တာသာ..အဖတ်​တင်​သွား​တော့တာပဲ

အဲဒါမျိုး​တွေ မမြင်​ရ​အောင်​ လုပ်​ထားလိုက်​တယ်​..
လောကကြီးက အတုအ​ယောင်​..
ဟန်​​ဆောင်မှု​တွေ ပကာသန​တွေ အရမ်းများလာတာ..
စိတ်​ကုန်​စရာပဲ..

ချောသည်​ဖြစ်​​စေ..မ​ချောသည်​ဖြစ်​​စေ..
တစ်​​နေ့..အိုခြင်းဆိုတဲ့.. အဆုံးသတ်​ကို​ရောက်​မယ်

ရာထူးကြီးဖြစ်​​စေ..မျက်​နှာမွဲဖြစ်​​စေ..
တစ်​​နေ့ နာခြင်းဆိုတဲ့ အဆုံးသတ်​ကို​ရောက်​မယ်​..

ဆင်းရဲသည်​ဖြစ်​​စေ..ချမ်းသာသည်​ဖြစ်​​စေ..
တစ်​​နေ့ ​သေခြင်းဆိုတဲ့ အဆုံးသတ်​ကို​ရောက်​မယ်​..

အသက်​ရှင်​စဉ်​မှာ..ကံကြမ္မာရဲ့ လှည့်​ဖျားမှုဆိုတာ..
ရိုလာကိုစတာ စီးသလို ..တက်​လိုက်​ကျလိုက်​ဖြစ်​​လာနိုင်​တာပဲ..

အိမ်​အကြီးကြီးနဲ့​နေချင်​​နေရလိမ့်​မယ်
ဒီည အိမ်​မီး​လောင်​သွားရင်​ မနက်​ဖြန်​ ဘုန်းကြီး​ကျောင်းမှာ..သွားကပ်​​နေရလိမ့်​မယ်​..
လက်​ထဲမှာ..
ပိုက်​ဆံ သိန်း၅ရာ​လောက်​ရှိချင်​ရှိလိမ့်​မယ်​..
အခု..အကြီးအကျယ်​ ​ရောဂါတစ်​ခုခုထဖြစ်​ကြည့်​..
ရှိသမျှ တက်​တက်​​ပြောင်​သွားမယ်​..

အဲဒါ ​လောကဓံပဲ..
လောကဓံကို မတုန်​လှုပ်​တာ မင်္ဂလာပဲ..

ဘဝကို မျဉ်း​ဖြောင့်​တစ်​ခုလို..တသမတ်​ထဲ​တွေးထားရင်​ ကျွန်​မတို့မှားမှာပဲ..

..ဘယ်​သူမှ အမြဲ​ပျော်​မ​နေဘူး..
ငိုရမဲ့ အချိန်​​တွေအတွက်​ပြင်​ဆင်​ထား..
ဘယ်​သူမှ အမြဲထိပ်​ကို​ရောက်​မ​နေနိုင်​ဘူး..
အောက်​ကိုပြန်​ဆင်းရမဲ့အချိန်​​တွေအတွက်​ ပြင်​ဆင်​ထား..
ဘယ်​သူမှ အမြဲအဆင်​​ပြေမ​နေဘူး..
ဒုက္ခ​ရောက်​မဲ့ အချိန်​​တွေအတွက်​ ပြင်​ဆင်​ထား..

ပြင်​ဆင်​မှုမရှိရင်​ ..ဖြစ်လာတဲ့အခါ..ပိုပြီး..
အထိနာတတ်​ပါတယ်​..

ဘဝမှာ..
စိတ်​ညစ်​စရာဆိုတာ..​ပျော်​စရာထက်​ပိုများတတ်​ပါတယ်​..
ကျွန်​မတို့ဟာ..​ပျော်​ရတာ..​ကောင်းတာ​လေး​တွေမှာပဲ..ယစ်​မူး​ပျော်​ရွှင်​​နေတတ်​ကြပြီး..
လူ့ဘဝရဲ့..ဝမ်းနည်းစရာ​တွေ..စွန့်​လွှတ်​ခွဲခွာခြင်း​တွေ..ဆုံးရှူံးနာကျင်​ရခြင်း​တွေ...
ဒုက္ခ​တွေကို​တော့..မသိသလိုလိုနဲ့.. ​မေ့ထားတတ်​ကြတယ်

ကိုယ့်​မျက်​စိ​ရှေ့မှာ..သူတစ်​ပါးတစ်​​ယောက်​ရဲ့..
 မျက်​လှည့်​ပြလိုက်​သလို ဖြစ်​သွားတဲ့ ကံကြမ္မာ​တွေကိုမြင်​​နေလျက်​သားနဲ့​တောင်​ ..ဒါမျိုးက သူမို့လို့ဖြစ်​တာပါ..
ငါ့မှာ​တော့ မဖြစ်​နိုင်​ပါဘူး လို့..​တွေး​နေတတ်​ကြတုန်းပဲ..

ဘဝမှာ တကယ်​အ​ရေးကြီး​နေတာ..ဘာလဲ..

မွန်​​ဟော်​စီ
၂၀၁၉ ဇူလိုင်

Photo: Free Humanity

No comments:

Post a Comment