တစ်ပုဒ်ချင်းဖတ်ပြီး တွေးကြည့်ပါ !!!
အရမ်းကောင်းပါတယ်။
ဂျူး လူမျိုးတို့ရဲ့ စာသား
🍑🍑🍑🍑🍑🍑
( 1 ) ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် - ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး ။
( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊ စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် ။
( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် ! လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နှစ်မွန်းသွားတတ်တယ် ။
( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ ။
( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် ။
( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက - မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ ! သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ ။( ပညာသားပါပါနဲ့ )
( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ ။
( 8 ) သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ ။
( 9 ) အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့မဟုတ်ပါဘူး ။
( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !
Thi Ha🇲🇲
Credit
No comments:
Post a Comment