Saturday, July 6, 2019
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ငါးဆယ်ဖြစ်မှစား
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ငါးဆယ်ဖြစ်မှစား
🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇🐇
တစ်ခါကသားအဖနှစ်ယောက်
အလွန်စည်ကားသော
ဈေးကြီးတစ်ဈေးအတွင်းသို့
ရောက်ရှိလာသောအခါ
အသက်၁၀နှစ်ခန့်ရှိသားငယ်မှ
အဖေဖြစ်သူအား
ဗိုက်ဆာတယ်အဖေ
ရှေ့မှာယုန်ကင်တွေရောင်းနေတယ်
သားကိုဝယ်ကျွေးပါတဲ့
သား…
တစ်ကောင်ဘယ်လောက်လဲ
သွားမေးလိုက်လို့
အဖေကပြောလိုက်ပါတယ်
အဲ့ဒါနဲ့သားဖြစ်သူလည်း
ယုန်ကင်သည်ကိုသွားမေးတော့
ယုန်တစ်ကောင်ငါးကျပ်လို့
ဈေးသည်ကပြန်ပြောပါတယ်
သားဖြစ်သူလည်း
အဖေတစ်ကောင်ငါးကျပ်တဲ့ဗျ
သားကိုဝယ်ကျွေးနော်ဆိုတော့
အေဖက
သူ၏လက်ထဲကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့
တစ်ဆယ်တန်လေးတစ်ရွက်ကို
ကြည့်ရင်း အံကိုကြိတ်ပြီး
သားဖြစ်သူကိုပြောလိုက်ပါတယ်
ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား ?
မစားပါနဲ့အုံးသားရယ်
လာသွားရအောင် သား…
ဗိုက်ဆာနေရင်
အဖေတခြားဟာ
ဝယ်ကျွေးပါ့မယ်လို့ပြောပြီး
သားဖြစ်သူရဲ့လက်ကိုဆွဲပြီး
အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်
ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး
သားဖြစ်သူဗိုက်ပြည့်စေဖို့
ဝယ်ကျွေးခဲ့ပါတယ်
ဒီလိုနဲ့
နောင်၁၅နှစ်လောက်ကြာတဲ့အခါ
အဲဒီဈေးကြီးထဲကိုပဲ
သားအဖနှစ်ယောက်
ပြန်ရောက်လာတဲ့အခါ
သားဖြစ်သူက ပူဆာပြန်ပါတယ်
အဖေ
ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ
သားကို ယုန်ကင်တစ်ကောင်လောက်
ဝယ်ကျွေးပါဆိုတော့
အေဖက
သားတစ်ကောင်ဘယ်လောက်လဲ ?
သွားမေးချည်ဆိုတော့
လွန်ခဲ့တဲ့ ၁၅နှစ်လောက်က
တစ်ကောင်ငါးကျပ်သာရှိတဲ့ယုန်ကင်ဟာ
အခု တစ်ကောင်ငါးဆယ်ဖြစ်နေပါပြီ
ဟာ... အဖေဈေးကြီးလိုက်တာ
တစ်ကောင်ငါးဆယ်တဲ့ဗျ
ဒီမှာသား
ငါးဆယ်မကလို့ငါးထောင်ဖြစ်နေပါစေ
အခုအချိန်မှာငါ့သားစားချင်ရင်
တစ်ကောင်မဟုတ်ဘူး နှစ်ကောင်စားလို့
အဖေကပြောတဲ့အခါ
သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့
ဟင်! ဟိုတခါ သားစားချင်တယ်ဆိုတော့
အဖေ သားကိုဝယ်မကျွေးပဲ
အခုကြ နှစ်ကောင်တောင်
ဝယ်ကျွေးနေပါ့လားအဖေရ… ဆိုတော့
ဒီမှာသား
ဟိုတခါ အဖေဝယ်မကျွေးခဲ့တာ
အဲဒီတုန်းက
သားအဖနှစ်ယောက်ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာ
အဖေ့လက်ထဲ
တစ်ဆယ်တန်လေးတစ်ရွက်ပဲ
ရှိတယ်ငါ့သား
အဲဒီအချိန်တုန်းက ယုန်တစ်ကောင်ငါးကျပ်
အဖေဝယ်ကျွေးရင်ရနိုင်ပေမဲ့
အဖေ့လက်ထဲမှာ
ကျန်ခဲ့မဲ့ငါးကျပ်တန်တစ်ရွက်က
အဖေတို့သားအဖနှစ်ယောက်
မနက်ဖြန်အတွက်
တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား
စတာတွေကို
ဝယ်ဖို့ မလုံလောက်ဘူးသား
အဲ့ဒါကြောင့်
သားကိုဝယ်ကျွေးချင်တဲ့ဆန္ဒကိုချိုးနှိမ်ပြီး
ဘိန်းမုန့်၂ခု တစ်ကျပ်ဖိုးသာ
အဖေဝယ်ကျွေးခဲ့တာပါ
အခုအဖေတို့က
အရင်တုန်းကလိုမဟုတ်တော့ဘူးလေ
အခုအဖေတို့ချမ်းသာနေပြီ
ငါ့သားစားချင်တာ လုပ်ချင်တာမှန်သမျှကို
အခုအချိန်မှာ
အဖေအကုန်လုပ်ပေးနိုင်တယ်ငါ့သားတဲ့
ပုံပြင်လေးကတော့ဒါပါပဲ...
……………………………………………………………
ကျွန်တော်တို့တစ်တွေလည်း
ဘဝကို ကိုယ့်အားကိုယ်ကိုး
ဖြတ်သန်းနေကြတဲ့အချိန်မှာ
လိုချင်တာ.လုပ်ချင်တာ.
ဝတ်ချင်တာ.စားချင်တာမှန်သမျှကို
ပုံပြင်ထဲက အဖေဖြစ်သူလို
ဆန္ဒကို ချိုးနှိမ်ထားရပါမယ်
ကိုယ့်ဘဝရပ်တည်ဖို့
ခက်ခဲနေတဲ့အချိန်မှာ
ပိုက်ဆံရှိချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီး
တန်းမညှိသင့်ပါဘူး.…
ဥပမာတစ်ခုပြောရရင်
အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့
သူတစ်ယောက်ဟာ
ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီး
စားနိုင်ပါတယ်
အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး
ဝတ်နိုင်ပါတယ်
အဲ့ဒီလိုပဲ
ကျွန်တော်တို့ခင်ဗျားတို့တစ်တွေဟာ
အမြဲတမ်းမဟုတ်ပေမဲ့
အခါအားလျှော်စွာ
သူဌေးတွေလို
ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်သလို
အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး
လိုက်ဝတ်နိုင်ပါတယ်..
ဒါပေမဲ့ တန်ဘိုးချင်းတူပေမဲ့
ပေးဆပ်ရပုံချင်း မတူပါဘူး …
ပိုက်ဆံချမ်းသာတဲ့သူဌေးတစ်ယောက်ရဲ့
လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းဟာ
မိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပေမဲ့
ကျွန်တော်တို့တွေရဲ့
လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းကတော့
မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါပဲ
နောက်ဆုံးစကားအနေနဲ့
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့
ငါးဆယ်ဖြစ်မှစား.. လို့ပြောလိုက်ပါရစေ
စာဖတ်သူအားလုံးအားလေးစားလျှက်
🙏🙏🙏 U Win Myint
#Credit Original writer
Subscribe to:
Post Comments (Atom)
No comments:
Post a Comment