မျက်နှာ သုံးခုနဲ့လူ
***********
တစ်ကျောင်းတစ်ဂါထာ
တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပါပဲ။
ဖတ်ဘူးမိခဲ့တဲ့ အကြောင်းအရာကို
အမှတ်ရမိ လာလို့ပါ။
ဒါကလည်း ဂျပန်လူမျိုးတွေရဲ့ ဆိုစကားလို့
ဆိုကြတာ ဟုတ်မဟုတ်မသေချာပေမယ့်
အတွေးက လှပနေလို့ပါ။
သူတို့ဆိုစကားက
လူတိုင်းမှာ မျက်နှာသုံးခု ရှိပါသည်။
မိမိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ
ထုတ်ပြတဲ့ မျက်နှာရယ်
မိမိ ချစ်ရသူနဲ့ မိသားစု ကို
ထုတ်ပြတဲ့ မျက်နှာရယ်
မိမိကိုယ်တိုင်က လွဲပြီး
မိမိလောကမှာ မည်သူတစ်ဦးတစ်ယောက်
ကိုမှ ထုတ်မပြဘူးတဲ့ မျက်နှာရယ်
သုံးမျိုး ရှိတယ်လို့ ဆိုကြပါတယ်။
ရိုးသားမှုသည် တစ်ခါတရံ အလည်လွန်
သွားတဲ့အခါ ဟန်ဆောင်မှုက အစားထိုး
ဝင်ရောက်လာတတ်သလို
ဟန်ဆောင်မှုကို တပ်မက်လာသည့်အခါ
ရိုးသားမှုသည် ပျောက်ဆုံးသွားတတ်
ပေသည်။
ကျနော်တို့ သည်လည်း ဘဝထဲဖြတ်သန်း
နေရချိန် မိမိနှင့် စိတ်ခြင်းမကိုက်ညီမှုများ
ရှိခဲ့သော်လည်း မချစ်သော်လည်း အောင့်ခါ
နမ်းဟူသော စကားအတိုင်း ဟန်ဆောင်မှု
မျက်နှာဖုံးစွပ်ကာ ရီပြ ပြုံးပြရသည်
မဟုတ်ပါလား။
ဟန်ဆောင်မှု အတတ်သည်လည်း
မိမိ ၏ အတွေ့အကြုံ ပေါ်မူတည်၍
အဆင့်မြင့်လာတတ် သလို မြို သိပ်ခြင်းများ
ကလည်း မိမိ စိတ်ကို အနာတရ ဖြစ်တတ်
ပါပေ၏ ။
တစ်ခါတစ်ခါတော့လည်း မျက်နှာသုံးခု
မျက်နှာလေးခု ဆောင်ထားရင်း ဘဝကို
ဖြတ်သန်းပါက ပိုမိုလွယ်ကူချောမွေ့လာမည်
ဟု မိမိကိုယ်မိမိ ခံယူမိပါသည်။
မိတ်ဆွေ၌ လည်း မျက်နှာ ဘယ်နှစ်ခု
ရှိပါသနည်း။ မိမိကိုယ်တိုင်သာ သိသော
မျက်နှာ၌လည်း ဒဏ်ရာများ ရှိနေပါပြီလား။
ချစ်ခြင်းအားဖြင့်
#kazaw
photo : မူရင်း ပိုင်ရှင်အား
creditပေးပါသည်။

No comments:
Post a Comment