Saturday, July 13, 2019

နောက်ဆုံး......ခရီး

အရမ်းကောင်းလို့ဖတ်ဖြစ်အောင်ဖတ်ပေးပါ။

နောက်ဆုံး......ခရီး

ရှင့်​အ​မေ ....​နောက်​ဆုံး အ​ခြေ​နေ​ရောက်​​နေပြီ
အမြန်​လိုက်​ခဲ့ပါ"

တာဝန်ကျဆရာမလေးက 
ဆေးရုံထဲဝင်​လာ​သော ယူနီ​ဖောင်းနဲ့
စစ်​သားရဲ့လက်​ကို ဆွဲမတတ်​ ​ခေါ်သွား​လေသည်​။
ကုတင်​​ပေါ်မှာ ​နောက်​ဆုံးအ​ခြေ​နေနဲ့ လဲ​နေတဲ့
လူနာဖြစ်​သူ မိခင်​က " သား" ဟု အသံထွက်​​ခေါ်ကာ
သားဖြစ်​သူရဲ့ လက်​ကို တင်းတင်းဆုပ်​ကိုင်​ပြီး
မျက်​ရည်​​တွေကျ​နေ​လေတယ်​...

စစ်သားလေးကတော့
ကုတင်​​ဘေးမှ ဒူး​ထောက်​ထိုင်​လျက်​ 
ခေါင်းတစ်​ဆက်​ဆက်​ငြိမ့်​​နေ​တယ်​..

မိခင်ဖြစ်သူက
ဖက်​မည့်​ဟန်​ပြင်​​တော့ ကိုယ်​​လေးဖွကာ
မိခင်​ဖြစ်​သူအ​ပေါ် အလို​က်​သင့်​​လေး
ဖက်​ထား​ပေးလိုက်​သည်​..

သိပ်မကြာလိုက်ပါဘူး။
ကိုင်​ထား​တဲ့လက်​​တွေ ဖြည်းဖြည်းချင်း
အား​လျော့ကာ အသက်​ဆုံးသွားခဲ့တယ်​...

သားဖြစ်သူဟုထင်ရသူ
စစ်​သား​လေးက​တော့ ပါး​ပေါ်က မျက်​ရည်​​တွေကို
သုတ်​ရင်း​ဘေးနား မလှမ်းမကမ်းက ဆရာမ​လေးကို
ခေါ်လိုက်​သည်

*ဆရာမ သူ​သေသွားပြီထင်​တယ်​ ကြည့်​​ပေးပါဦး

ဆရာမ​လေးက လူနာကို စမ်းသပ်​ကြည့်​လိုက်​​တော့
အသက်​မရှိ​တော့ဘူးဆိုတာ သိလိုက်​ရသည်​။

"*စိတ်​မ​ကောင်းပါဘူး
ဆရာ့​အ​မေ အသက်​မရှိ​တော့ဘူး
ကျမနဲ့​သေစာရင်းလုပ်​ဖို့ ခန​လိုက်​ခဲ့ပါ"

"*ဒါကျွန်​​တော်​အ​မေ မဟုတ်​ပါဘူး
ဒီအန်​တီကို ကျွန်​​တော်​ သိလည်းမသိပါဘူး"

"ရှင်​......"

ဆရာမလေးက ...အံ့သြစွာကြည့်​ရင်း

ခုန"* ရှင်​တို့​ပြောဆို​နေပုံက သားအမိ​တွေပါ
သူရှင့်​ကို​စောင့်​​နေတာ ခုရှင်​လာပြီဆို​တော့
သူစိတ်​​လျော့လိုက်​တာ"

"*သူ့သားလည်း စစ်​သားတစ်​​ယောက်​မို့ဖြစ်​မှာပါ
ကျွန်​​တော်​လည်း ဒီ​ဆေးရုံကို ကျွန်​​တော်​အ​မေ 
နေမ​ကောင်းလို့ ​ရှေ့တန်းက လာခဲ့တာပါ ​ဟော ဟိုမှာ
တွန်းလှည်းနဲ့ ရင်​ခွဲရုံကို ထုတ်​သွားတဲ့ အ​လောင်းက
ကျွန်​​တော်​အ​မေပဲ"

စစ်သားလေးက တည်​ငြိမ်​စွာ ဆရာမကိုရှင်းပြတယ်​.

"ဒါဆို ဘာလို့ သူ့သားမဟုတ်​ပဲ လိုက်​လာတာလဲ"

"*သူ့ရဲ့ ​နောက်​ဆုံး ဆန္ဒကို
ဖြည့်​ဆည်း​ပေးလိုက်​တာပါ
ကျွန်​​တော့်​အ​မေ ​သေသာသွားတယ်
ကျွန်​​တော်​မမှီလို​က်​ဘူး​လေ "

ဆရာမလေးက
ဖိုင်​ကက်​​လေးကိုင်​ပြီး
ဘာ​ပြောရမှန်းပင်​မသိဖြစ်​သွားတယ်​။

စစ်သားလေးကတော့
သူ့အ​မေရဲ့ ​နောက်​ဆုံးထွတ်​သက်​ကို မမှီလိုက်​​ပေမယ့်
အလားတူ သားအလာကို​စောင့်​​နေတဲ့ မိခင်​တစ်​​ယောက်
ရဲ့ ​နောက်​ဆုံး ဆန္ဒ​လေးကို ဖြည့်​ဆည်း​ပေးလိုက်​ရလို့ 
ကျေနပ်​သလိုဖြစ်​​နေပါတယ်​။ မငို​ပေမယ့်​ မျက်​ရည်
ကျ​နေ​သောစစ်​သား​လေးကိုကြည့်​ပြီး ဆွံအ​နေ​လေတယ်​..

"ကျွန်​​တော်​ သွားလိုက်​ပါဦးမယ်​ ဆရာမ"

သေဆုံးနေသော
အ​မေအိုရဲ့ လက်​ကို အသာချခဲ့ပြီး
အနားမှ ထွတ်​ခွာလာခဲ့တယ်

နောက်ဆုံး
သူအမြင်​ချင်​ဆုံးဖြစ်​တဲ့ သားဖြစ်​သူရဲ့မျက်​နာကို
မြင်​လိုက်​ရတယ်​ ​ပြောချင်​တာ​တွေ​ပြောလိုက်​ရတယ်
ဟုထင်​ကာ စိတ်​ကို​လျော့လိုက်​တဲ့ အ​မေအိုရဲ့မျက်​နာက​တော့​သေဆုံးသွား​ပေမယ့်​ ပြုံး​နေပါတယ်​..

လောကမှာ ​ငွေနဲ့​ပေးဝယ်​လို့မရတဲ့
ဖြည့်​ဆည်းကူညီမှုဆိုတာ အ​သေးဖွဲ​လေးက အစပါပဲ
ထိုသို့ ကူညီမှုမျိုးကိုလည်း နှလုံးသားရှိသူ​တွေသာ
လုပ်​နိုင်​ကြသည်

credit-😢

No comments:

Post a Comment