ဘယ်သူ့နောက်ကိုမှလည်းပြေးမလိုက်နဲ့
ဘယ်သူ့ကိုမှလည်းဆွဲခေါ်ဖို့မကြိုးစားနဲ့
နှစ်ခုစလုံးက ခင်ဗျားကိုပင်ပန်းစေတယ် …
လူဆိုတာမျိုးက
တစ်ယောက်တည်းလည်း
ဘယ်သူမှမနေနိုင်ပါဘူး
ဒါပေမဲ့ တစ်ယောက်ယောက်နောက်ကို
ပြေးလိုက်နေရတယ် ဆိုကတည်းက
ခင်ဗျားလမ်းကြောင်းတွေကို ချန်ထားပြီး
သူ့အတ္တ တွေထဲ ဝင်ဆံ့ဖို့
ကြိုးစားနေရတာနဲ့တင်
ခင်ဗျားပင်ပန်းရပါတယ် …
တစ်ယောက်ယောက်ကိုဆွဲခေါ်ဖို့
ကြိုးစားခြင်းကလည်း ခင်ဗျားရဲ့
လမ်းခရီးကို တုန့်နှေး စေပါတယ် …
အကောင်းဆုံးကတော့
ခင်ဗျားနဲ့လမ်းကြောင်းခြင်း
ဦးတည်ချက်ခြင်း တွေတူညီတဲ့လူတွေက
ခင်ဗျားအတွက် အသင့်တော်ဆုံးပါပဲ ။
အဲ့လိုလူတွေက တော့
လိုက်ရှာနေစရာမလိုပါဘူး
ပြေးလိုက်စရာလည်းမလိုပါဘူး
ဆွဲခေါ်စရာလည်းမလိုပါဘူး
အလိုလို ရောက်လာတတ်ပြီး
အလိုလို ဆုံဆည်းတတ်ပါတယ် …
ဒီအတိုင်းပဲ လူတွေအားလုံးကတော့
စိတ်ဓာတ်အခြေခံချင်းတူညီမှ
တစ်ဦးနဲ့တစ်ဦး အတူရှင်သန်လို့ရတာပါ …
မတူညီတဲ့ စိတ်ထားတွေနဲ့
ရှေ့ဆက်နေရမယ်ဆိုရင်
ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါ ဘူး …
ဒီအတွက်
ဘယ်သူ့နောက်ကိုမှလည်းပြေးမလိုက်နဲ့
ဘယ်သူ့ကိုမှ လည်း မဆွဲခေါ်ပါနဲ့
ကိုယ့်လမ်းကိုယ် လျှောက်ဖို့ပဲကြိုးစားပါ
အချိန်တန်ရင် ကိုယ်နဲ့ လမ်းကြောင်းခြင်း
တူညီတဲ့ လူတွေ နဲ့ဆုံရပါလိမ့်မယ် …
LuAh(AungKhinSitt)
Credit
No comments:
Post a Comment