Sunday, July 14, 2019

မုသားက ဘာကြောင့် ကမ္ဘာကို လွှမ်းမိုးထားသလဲ

★              မုသားက 
ဘာကြောင့် ကမ္ဘာကို လွှမ်းမိုးထားသလဲ
 

၁၉ ရာစုက ပုံပြင်တစ်ပုဒ်မှာ မုသားနဲ့ သစ္စာဆိုတဲ့ မိန်းကလေး ၂​ယောက် တစ်နေ့မှာ တွေ့ခဲ့ကြသတဲ့။

မုသားက ဆိုတယ် -
`သာယာလှပတဲ့ နေ့ကလေးပါလား´

သစ္စာက ကောင်းကင်ကို မော့ကြည့်တော့ တကယ် သာယာတဲ့ နေ့လေး ဖြစ်နေတယ်။ တစ်နေကုန် သူတို့ တူတူ လျှောက်လည် ကြတယ်။

ညနေစောင်းမှာ 
ရေတွင်းတစ်တွင်းကို တွေ့တော့ 
မုသားက ငုံ့ကြည့်ပြီး ပြောတယ်။ 
`ရေတွေက ကြည်နေတာပဲ။ 
ချိုးချင်စရာ ရေဆင်းချိုးကြရအောင်´

သစ္စာက ဒီတစ်ခါလည်း သံသယနဲ့ ရေတွင်းထဲ ငုံ့ကြည့်ပြန်တယ်။ ရေတွင်းထဲက ရေဟာ ကြည်နေပြီး တကယ် ချိုးချင်စရာမို့ ၂​ယောက်သား ရေဆင်းချိုး ကြတယ်။

ဒီလို ချိုးနေကြတုန်း ရုတ်တရက် မုသားဟာ ရေတွင်းကနေ ထွက်ပြီး သစ္စာရဲ့ အဝတ်တွေကို ယူဝတ်လို့ ထွက်ပြေးသွားခဲ့တယ်။

သစ္စာ မိန်းကလေးဟာလည်း ချက်ချင်း ရေတွင်းကနေ ထွက်လို့ သူ့အဝတ်တွေ ပြန်ရဖို့ အရေး မုသားနောက်ကို ပြေးလိုက်တယ်။

လောကက လူတွေဟာ အဝတ်မပါတဲ့ သစ္စာကို မြင်တော့ မျက်နှာ လွှဲတဲ့လူက လွှဲ... ဖျက်ဆီးဖို့ ချဉ်းကပ်သူက ကပ်နဲ့ နောက်ဆုံးမှာ သစ္စာလည်း ရေဝင်ချိုးခဲ့တဲ့ ရေတွင်းထဲ ခုန်ချပြီး ထာဝရ ပျောက်ကွယ်သွားတယ်။

အဲ့ဒီအချိန်ကစလို့ မုသားဟာ သစ္စာ ဝတ်ရုံကို ဝတ်လို့ ကမ္ဘာပတ် နေခဲ့တယ်။ အဝတ်မဲ့တဲ့ သစ္စာ ကို မတွေ့လိုတဲ့ လောကကို မုသားဟာ ကောင်းစွာ စိုးမိုး ခြယ်လှယ်သွားပါတော့တယ်။

ပန်းချီဓာတ်ပုံ မှာ ၁၈၉၆ ခုနှစ် 
Jean-Léon Gérôme ရေးခြယ်ခဲ့သော
ကမ္ဘာကျော် ပန်းချီ "ရေတွင်းမှ ထွက်လာသည့် သစ္စာ" "The Truth coming out of the well" ဖြစ်ပါတယ်။

Credit _ Darleen Rose 
Kyaw Nge (ဘာသာပြန်)

#ပြန်လည်မျှဝေပေးခြင်ဖြစ်သည်။။

No comments:

Post a Comment