Wednesday, July 17, 2019

ဝဋ်ကြွေးရှိခဲ့ရင်လည်း အမြန် ကျေပါစေတော့လို့ ဆုတောင်းမိပါတယ် ..

ကိုယ့်ရဲ့ ကူညီတတ်မှုတွေက
သူ့အတွက် အသုံးချစရာလို
ဖြစ်လာတဲ့ အခါ ..

ကိုယ့်ရဲ့ အနစ်နာခံ ပေးဆပ်မှုတွေကို
ခံစားချက် မရှိသူ တစ်ယောက်လို
ဆက်ဆံသွားတဲ့ အခါ ..

ကိုယ့်ရဲ့ မာန်မာန မထား
အလျော့ပေး ဆက်ဆံတတ်မှုအပေါ်
ငါ ဘာလုပ်လုပ်ရတယ် ပုံစံ
ချိုးလာတဲ့အခါ ..

ကိုယ့်ရဲ့ ဟန်မပါ ဖော်ရွေမှုတွေက
သူ့ အတွက် လွယ်တယ် အထင်
ရှိလာတဲ့ အခါ ..

ကိုယ့်ရဲ့ မခွဲမခြား တန်းတူ
ဆက်ဆံပေးတတ်မှု အပေါ်
မလေးမစား လုပ်လာတဲ့ အခါ ..

ကိုယ့်ရဲ့ သည်းခံတတ်တဲ့
အကျင့်တွေက သူ့အတွက်
အနိုင်ယူစရာ ဖြစ်လာတဲ့ အခါ ..

ကိုယ့်ရဲ့ အလိုက်တသိ
လုပ်ပေးမှုတွေက ကြာလာတော့
ကိုယ် လုပ်ကို လုပ်ရမယ့်တာဝန်တွေလို
မှတ်လာတဲ့ အခါ ..

ကိုယ့်ရဲ့ လူပီသပေးမှုတွေကို
တန်ဖိုးထားပေးရမယ့်အစား
အခွင့်အရေးယူ ခံရတဲ့ အခါ ..
များစွာ စိတ်မကောင်း ဖြစ်မိခြင်းနဲ့
အတူ ကိုယ့်ရဲ့ သိတတ်မှုတွေဟာ
လူတိုင်းနဲ့ မတန်ဘူးဆိုတာရယ်..
ဝဋ်ကြွေးရှိခဲ့ရင်လည်း အမြန်
ကျေပါစေတော့လို့ ဆုတောင်းမိပါတယ် ..

လေးစားလျက်
Ma pui (ဇလပ်မြေ)
အတွေး စာစုလေးများ ..

No comments:

Post a Comment