သစ္စာရှိသောမိန်းမတစ်ယောက်ရဲ့ နှလုံးသားလျော်ကြေး
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
မိန်းမတစ်ယောက်ရဲ့ ……
" ထိန်းသိမ်းတတ်ခြင်းနောက်ကွယ်မှာ တန်ဖိုးတရားတွေ ပါတယ် "
" ဆင်ခြင်နိုင်စွမ်းတွေရဲ့ နောက်ကွယ်မှာ အဆင့်အတန်းတွေ ပါတယ် "
" နှုတ်ဆိတ်သွားခြင်းနောက်ကွယ်မှာ ဝမ်းနည်းကြေကွဲမှုတွေ ပါနေတယ် "
" မြိုသိမ့်နေတတ်ခြင်း နောက်ကွယ်မှာ စွန့်လွှတ်ခြင်းတွေ ပါတယ် "
" တည်ငြိမ်သွားခြင်း နောက်ကွယ်မှာ စိတ်ပျက်စွာ လက်လျော့ ပေးလိုက်ခြင်းတွေပါတယ် "
" ခွင့်လွှတ်လိုက်ခြင်း နောက်ကွယ်မှာ ဥပေက္ခာတရားတွေ ပါတယ် "
ခံစားမှုတိုင်းကို စိတ်ရှိစွာ ဖွင့်ချခွင့်မရတဲ့ မိန်းကလေးတွေရဲ့ မြိုသိမ့်ခြင်းဆိုတဲ့ မွန်းကြပ်မှုဒဏ်ကို ကျိတ်မှိတ်ခံစားရခြင်းဟာ ထွက်ပေါက်ပိတ်နေတဲ့ အခန်းကျဉ်းထဲ နေထိုင်ရတာနဲ့ မခြားပါဘူး …။
…………………………………………………………………………………
ယောက်ျားတစ်ယောက်ရဲ့ အလိမ်အညာကို သိလိုက်ရချိန်
စစခြင်းတော့ ဒေါသထွက်ပြီး ပူလောင်ခဲ့ရတယ် ။
မပြတ်သားနိုင်တဲ့ စိတ်ကြောင့် တောင်းပန်ပြီး လိုက်ဖမ်းဆွဲ ခဲ့တယ်။ ပူလောင်မှုတွေနဲ့ပေါ့ ။
ကိုယ်မှ မစွန့်လွှတ်နိုင်သေးတော့ လိမ်ညာသမျှကို ခေါင်းငုံ့ ငြိမ်ခံနေရင် နှုတ်ဆိတ်လာခြင်းနဲ့ အတူ နောင်တတွေ ပိုင်ဆိုင်လာခဲ့ပါတယ်။
တဖြေးဖြေးသဘောပေါက်လာပါပြီ ကိုယ်ဟာစိတ်ရှိတိုင်း ပေါက်ကွဲခွင့်မရတဲ့ မိန်းကလေးဘဝ ! သူလုပ်ရင် ကိုယ်က ပြန်လုပ်ပြလိုက်မယ်လို့  အရွဲ့တိုက်ဖို့ မသင့်တော်တဲ့ မိန်းမသားဘဝပါလား စိတ်တွေ ငြိမ်သက်စပြုလာပါပြီ ။
ကိုယ်ပေးခဲ့တဲ့ ဖြူစင်တဲ့ မေတ္တာတရားနဲ့လုံးဝဆန့် ကျင်ဖက် နာကျင်စရာတွေရယ် ကိုယ့်ဖက်က တစ်ယောက်ထဲသာဆိုတဲ့ ခိုင်မာတဲ့ သစ္စာတွေ အားလုံးဟာ သူပြုသမျှ နုနေရတာနဲ့ မတန်ဘူး
မာနတရားတွေနဲ့ ကျောခိုင်းဖို့  ပြင်ဆင်တတ်ခဲ့ပါပြီ …။
…………………………………………………………………………………
မိန်းမခြင်းတူပေမဲ့ တန်ဖိုးခြင်းမတူတာကို မသိတဲ့သူကို ဘာအတွက်ကြောင့် ကိုယ့်အနားထားနေစရာလိုသေးလို့လည်း လုံးဝ စွန့် လွှတ်နိုင်ခဲ့ပါပြီ …။
ချစ်သူခြင်းတူတယ် ကိုယ့်အပေါ်ထားတဲ့ စေတနာခြင်း မခွဲခြားတတ်သူကို ဘာလို့ နှောင်တွယ်နေစရာလိုနေသေးလည်း.။
အမုန်းမပါတဲ့ နာကျဉ်းစိတ်တွေ မွေးမြူရင်း
ကျောခိုင်းရဲတဲ့ သတ္တိတို့  ပိုင်ဆိုင်ခဲ့ပါပြီ …။
…………………………………………………………………………………
တကယ်တော့ အချစ်ဆိုတဲ့အရာဟာ တခါတရံ စွန့်ပစ်တတ်မှ စိတ်အနာတွေကို သက်သာစေတတ်သလို ……
တခါတရံတော့လည်း တန်ဖိုးထားလွန်းရင် စွန့်ပစ်ဖို့ အကြောင်းတွေ ဖန်လာတတ်ပါတယ် ။
ချစ်လွန်းရင်လည်း စွန့် ရဲတဲ့ သတ္တိပါ မွေးထားသင့်သလို ……
တန်ဖိုးထားတာကို စော်ကားလာတဲ့ အခါ ကန်ထုတ်တတ်တဲ့
စိတ်ဓါတ်တွေကို မွေးမြူထားမှ အချစ်ဆိုတဲ့အရာဟာ ပိုနက်ရှိုင်းစေပါတယ် ...…။
…………………………………………………………………………………
ပေးတိုင်းပြန်မရတာ အချစ်လို့  ပါးစပ်က အော်နေမဲ့အစား ရယူနိုင်ဖို့ ကြိုးစားသင့်တဲ့အခါတွေလည်း ရှိခဲ့ပါတယ် ။
လူတစ်ယောက်ကို စချစ်ပြီဆိုထဲက " သစ္စာရှိရှိ " နဲ့ တန်ဖိုးထားပြီးချစ်ခဲ့တာမို့ ရယူပိုင်ဆိုင်ခြင်း အတ္တတွေပါတာ မှားခဲ့လား …။
ကိုယ့်ဖက်က အကောင်းဆုံးတွေပေးခဲ့ပါရက်နဲ့  ……
ရှေ့တမျိုး နောက်ကွယ်တမျိုး လိမ်ညာတတ်တဲ့ချစ်သူကို ……
ဥပေက္ခာတရားတွေနဲ့ ကန်ထုတ်ခဲ့တာ အမှားဆိုရင် ……
အကြိမ်တစ်ရာမက မှားတယ် ဆိုပါစေတော့ ……
ကိုယ့်ရဲ့ ဖြူစင်တဲ့ နှလုံးသားကို အရောင်ဆိုးခံလိုက်ရတဲ့ ……
လျော်ကြေးအဖြစ် ခံယူထားလို့  ကိုယ့်ကတော့ ……
ကျေနပ်ပါတယ် …။
Thi Ha🇲🇲
No comments:
Post a Comment