💖💖 အရိပ် 💖💖
👴အသက်ကြီးလာတဲ့ မိဘက
ဘာမှ အားကိုးလို့ မရတော့ဘူးတဲ့လား..???
⚠️ကျမတို့ ဘဝတလျှောက်လုံး မိဘအပေါ်မှာ
သိသိသာသာသော်လည်းကောင်း
မသိမသာသော်လည်းကောင်း
အားကိုးခဲ့ကြပြီးပြီလေ..
ဘာတွေကို ဘယ်လောက်အထိ မျှော်မှန်းပြီး
အားကိုးချင်နေကြပါသလည်း..
⚠️ကိုယ့်ခြေထောက်ပေါ်ကိုယ်
မတ်မတ် ရပ်နိုင်ဖို့ မွေးစကတည်းက..
မိဘတွေ ရှာဖွေ ကျွေးမွေးတယ်..
စိတ်ဓာတ်ခွန်အားတွေပေးတယ်..
နွေးထွေးမှုနဲ့ ကြင်နာယုယမှုတွေပေးတယ်.....
စိတ်ကို လုံခြုံစေတဲ့ အရိပ်တွေပေးတယ်...
⚠️ဘဝတွေပြည့်စုံဖို့ မိဘတွေ ကြိုးစားနေရင်းက ..
💖အဆင်မပြေတဲ့အခါ
ဒုက္ခတွေနဲ့ ဒွန်တွဲလာတယ်..
ထိန်းကျောင်းတတ်တဲ့ မိဘကြောင့်
သားသမီး ဖြစ်တဲ့ ကျမတို့က
ကိုယ့်ဘဝကိုယ်နားလည်လာခဲ့တယ်..
💖ကံအကြောင်းမလှတဲ့အခါ
စီးပွားရေးတွေ ယိုင်နဲ့လာတယ်..
ပဲ့ကိုင်တတ်တဲ့ မိဘကြောင့်
သားသမီး ဖြစ်တဲ့ ကျမတို့က
ခြိုးခြံချွေတာ တတ်လာတယ်...
💖အောင်မြင်တဲ့ လမ်းကြောင်းကနေ
ချွတ်ချော်တိမ်းစောင်းသွားတဲ့ အခါ..
လမ်းညွှန်တတ်တဲ့ မိဘကြောင့်
သားသမီး ဖြစ်တဲ့ ကျမတို့က
တင်းတိမ်ရောင့်ရဲတတ်လာတယ်..
⚠️ဒါတွေဟာ
ဘဝ တစ်ခု အစပြုဖို့ လုံလောက်တဲ့
ဘဝပေးသင်ခန်းစာတွေဖြစ်တယ် ဆိုတာကို
မိဘတွေက သင်ကြားပေးခဲ့တယ်...
⚠️အဖေ..
အမေ လို့ခေါ်လိုက်တိုင်း ပြန်ထူးပေးမယ့်
အသံတွေရှိတယ်..
⚠️အဖေ
အမေ လို့ ခေါ်လိုက်တိုင်း
အသင့်ဖွင့်ထားပေးတဲ့ ရင်ခွင်တံခါးတွေရှိတယ်..
⚠️ကိုယ်ပျော်ရင် လိုက်ပျော်
ကိုယ်ငိုရင် နှစ်သိမ့်ပေးတတ်တဲ့
နွေးထွေးမှုတွေရှိတယ်..
⚠️ကိုယ်တခုခုဖြစ်ရင် စိတ်ပူပေးတတ်တဲ့
ကြင်နာခြင်းတွေရှိတယ်...
⚠️ကိုယ့်ကို မတွေ့တာကြာရင် မျှော်နေတတ်တဲ့
အလွမ်းတွေ အပြည့်နဲ့ နှလုံးသားတွေရှိတယ်...
⚠️ကိုယ့်ခံစားချက်ကို ပြောမပြပဲနဲ့တောင်
အတိအကျ နားလည်နိုင်တဲ့
ဘာသာပြန်စက်က မိဘတွေပဲ မို့လို့
အားကိုးတကြီးနဲ့ ဖက်တွယ် ရင်ဖွင့်ရင်း
ရှေ့ဆက်ဖို့ အားယူနေကြရတာပဲ မဟုတ်လား...
⚠️ဒုက္ခရောက်နေတဲ့ သားသမီးတွေကို...
ဆိုးသွမ်းနေတဲ့ သားသမီးတွေကို...
လျစ်လျူရှုပြီး မနေရက်နိုင်တာလည်း
မိဘတွေပဲ မဟုတ်လား...
⚠️အပြင်ထွက်
အလုပ်လုပ်တဲ့ သားသမီးတွေအတွက်ဆို
မြေးထိန်းပေးဖို့ အသင့်ဖြစ်နေတတ်တဲ့
မိဘရဲ့ ဖြည့်ဆည်း ပေးမှုတွေက
ကိုယ့်ပတ်ဝန်းကျင်မှာသော်လည်းကောင်း
ကိုယ်ကိုယ်တိုင်မှာသော်လည်းကောင်း
ဒုနဲ့ဒေးပဲ မဟုတ်လား..
⚠️တကယ်လို့များ ကိုယ့်သားသမီးကို
ကြည့်ရှုထိန်းကျောင်းပေးနေတဲ့ မိဘတွေကို
အဖေ့ကြောင့်
အမေ့ကြောင့်....ကလေးက ဒီလို ဖြစ်တာတို့
အဖေလုပ်လို့
အမေ လုပ်လို့ ... ကလေးက ဒီလို ဖြစ်ရတယ်လို့
တွေးမိ ပြောမိ အပြစ်ဆိုခဲ့မိရင် ..
စိတ်ကွက်မိခဲ့ရင်..
အဲ့ဒီစိတ်ကို အမြန်ပြင်ဆင်ပါ..
⚠️ကလေးတစ်ယောက်ထိန်းရတယ်ဆိုတာ
မလွယ်ကူပါဘူး..
ဒီနေ့ခေတ်မှာ ပိုလို့တောင်မလွယ်ကူနိုင်ပါဘူး..
အရင်ခေတ်မှာ အံဝင်ခွင်ဂွင်ကျ ဖြစ်ခဲ့တဲ့
မိဘတွေအတွက်..
ဒီနေ့ခေတ်ရဲ့ အဖိုးအဖွားဖြစ်ရတာ
အင်မတန်မှကို စိန်ခေါ်မှုတွေများပါတယ်..
⚠️အဖေတို့ အမေတို့ ခေတ်နဲ့မတူဘူး..
အဖေတို့ အမေတို့ မသိတာတွေ
အများကြီးရှိသေးတယ် ..
စတဲ့ စတဲ့ စကားတွေကလည်း မိဘတွေအတွက်
ဝမ်းနည်းစရာခံစားမှုကို ပေးစေတာပါပဲ..
⚠️အဖိုးအဖွားနဲ့ အတူနေရင်းက
ကလေးမှာ တခုခု အဆင်မပြေဖြစ်ရင်
အပြင်ထွက်အလုပ်လုပ်နေတဲ့
သားဖြစ်စေ..
သမီးဖြစ်စေ..
ချွေးမဖြစ်စေ..
သားမက်ဖြစ်စေ.. တစုံတယောက်ရဲ့ ငြိုငြင်မှု
ပြစ်တင်မှုတွေခံရလာနိုင်တယ် ဆိုတဲ့ စိတ်နဲ့
မိဘတွေမှာ ဖိစီးမှုတွေ
အနည်းနဲ့ အများတော့ရှိကြမှာပါပဲ..
⚠️တလောက ကျမ သူငယ်ချင်းတစ်ယောက်ရဲ့
မိဘတွေနဲ့ လမ်းမှာဆုံတော့..
သမီးသူငယ်ချင်းက အလုပ်လုပ်နေတော့
ဦးတို့က ကလေးထိန်းရတာပေါ့တဲ့..
ဒီလိုလေးနေပေးမှပဲ
သူတို့တွေ အဆင်ပြေမှာဆိုတော့
မနေချင်လည်း နေရတာပေါ့သမီးရေ..တဲ့..
ဦးတို့က ကိုယ့်လွတ်လပ်ခွင့်တော့ ဆုံးရှုံးတာပေါ့တဲ့...
⚠️အိမ်ရောက်တော့ ကျမ အမျိုးသားကို
ပြန်ပြောပြတဲ့အခါ
အဲ့ဒီဦးလေးက ဒီအသက်အရွယ်ရောက်မှ
ဘာလွတ်လပ် ချင်သေးတာလည်း မသိဘူးနော်..
မာမားတဲ့...
⚠️အဲ့ဒီမှာ သူ့ကို ကျမ ပြန်ပြောပြဖြစ်တယ်..
💖အဖိုးကြီး အဖွားကြီး ဖြစ်သွားလည်း
ကိုယ်ပိုင်အချိန် ကိုယ်ပိုင် လွတ်လပ်ခွင့်လေး
ရှိသင့်တာပေါ့လို့..
💖သူတို့မှာ တွေ့ဆုံ စကားပြောချင်တဲ့
အသက်အရွယ်တူ မိတ်ဆွေ သူငယ်ချင်းတွေရှိမယ်..
💖သွားချင်တဲ့ နေရာတွေကို နောက်ဆံမငင်ပဲ
သွားချင်တဲ့ ဆန္ဒတွေရှိမယ်....
💖သူတို့ ဘဝနေဝင်ချိန်အတွက် ကြိုတင်
ပြင်ဆင်ချင်တာတွေရှိမယ်..
💖သူတို့ စိတ်ပျော်ရွှင်ဖို့အတွက်
လုပ်ချင်တဲ့ အလုပ်တွေ မရှိပဲ နေပါ့မလား..
💖ဘဝတလျှောက်လုံး
မိသားစုဝန်ကို ပင်ပန်းကြီးစွာ
ထမ်းခဲ့ကြပြီးပြီမဟုတ်လား...
⚠️အဖေတို့ အမေတို့ဟာ
လုပ်ခဲ့ဖူးပြီးသား အလုပ်တွေကို
သားသမီးတွေ အဆင်ပြေပါစေဆိုတဲ့ စိတ်နဲ့
အစကနေ ပြန်ပြန်လုပ်နေကြရတာပါ..
မေတ္တာမပါပဲနဲ့တော့ မဖြစ်နိုင်ဘူးလေ...
⚠️သားသမီး မျက်နှာကို
အရိပ်တကြည့်ကြည့် နေခဲ့တဲ့ အချိန်တွေရယ်..
မြေးတွေမျက်နှာကို
အရိပ်တကြည့်ကြည့်နေနေရတဲ့ အချိန်တွေရယ်...
မြေးတွေ တခုခု ဖြစ်ရင်
မြေးကို တာဝန်ယူထားရတဲ့
မိဘက အားနာစိတ် အပြစ်ရှိတဲ့စိတ်နဲ့
နေနေရတဲ့ စိတ်ပင်ပန်းမှုက
အနည်း နဲ့ အများ ဆိုသလို မိဘတွေမှာ
ရှိနေနိုင်တာပေါ့...
စိတ်ပေါ့ပေါ့ပါးပါးနဲ့ မနေချင်တဲ့သူ
ဘယ်သူရှိပါ့မလည်း..
⚠️လူတိုင်းဟာ ဘဝမှာ
အမှားတွေ အများကြီးတွေ့နိုင်တယ်....
ဘဝလမ်းကြောင်းအမှား..
ရပ်တည်နေထိုင်မှုမှာ ခံယူချက်အမှား..
စိတ်ကူးအမှား..
လုပ်ငန်းအမှား ...
ပြောမှား ဆိုမှား ..
သားသမီးထိန်းကျောင်းမှု အမှား ....
အဖေလည်း မှားဖူးခဲ့မှာပဲ..
အမေလည်းမှားဖူးခဲ့မှာပဲ..
ကျမတို့လည်း ရှေ့ဆက်ပြီး
မှန်မယ် မှားမယ် မသိနိုင်တဲ့ ရွေးချယ်မှုတွေ...
ထိန်းကျောင်းမှုတွေကို လုပ်နေတယ်..
သေချာတာကတော့
မိဘနေရာရောက်လာတဲ့ ကျမတို့ဟာ
ကောင်းရာကောင်းကြောင်းကိုပဲ ဦးတည်ပြီး
လုပ်ခဲ့ကြတာချည်းပါပဲ..
ကျမတို့ မိဘတွေလည်း
ဒီလိုပဲ နေမှာ အသေအချာပါ..
ဂုဏ်သိက္ခာမဲ့ပြီး ပြင်လို့မလွယ်တဲ့
အမှားမျိုး မဖြစ်ဖို့ရယ်..
အမှားကို သိပြီး အမှန်ကို ပြင်တတ်တဲ့ စိတ်
ရှိဖို့ရယ်က အရေးကြီးဆုံးပါ..
🔥မိဘတွေ သက်ရှိထင်ရှားရှိနေတုန်း ...
မိဘ စားချင်တာလေးတွေ စားဖို့ ဝယ်ကျွေးပါ..
သွားချင်တဲ့ နေရာလေးတွေ လိုက်ပို့ပေးပါ..
လိုအပ်မယ်ထင်တာလေးတွေကို
မိဘက မတောင်းဆိုလည်းဖြည့်ဆည်းပေးပါ..
မိဘကို ရင်နာစေမယ့် စကားလုံးတွေ
အပြုအမူတွေကို ရှောင်ရှားပါ...
မိဘကို အော်ငေါက်တာ ဆူပူတာတွေ
မလုပ်မိပါစေနဲ့..
ကိုယ့်ရဲ့ အပြုအမူတိုင်းကို
ကိုယ့်သားသမီးလေးတွေက
အချိန်တိုင်း လေ့လာမှတ်သား
အတုယူနေတယ်ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့...
⚠️တနေ့မှာ ကိုယ်လည်း အိုမင်းမစွမ်းတဲ့
မိဘဖြစ်လာရအုံးမှာလေ..
🔥အသက်ကြီးလာတဲ့ မိဘတွေရဲ့
အဓိက လိုအပ်မှုဟာ
သားသမီးတွေရဲ့ အလိုက်တသိနဲ့
ပေးအပ်လာမယ့် မေတ္တာနဲ့
အကြင်နာတွေပါတဲ့ စောင့်ရှောက်မှုပါ ....
⚠️အဖေ အမေရှိလို့
အဝေးရောက် မောင်နှမတွေ စုစည်းဖြစ်တယ်..
အဖေ အမေရှိလို့ စည်းလုံးညီညွတ်ကြတယ်..
အဖေ အမေရှိလို့ ဘာလေးလုပ်လုပ်
အဓိပ္ပါယ် ရှိတယ်..
အဖေ အမေရှိလို့ အေးမြတဲ့
အရိပ်အာဝါသရှိတယ်..
🔥နောက်ထပ် အဖေ အမေရှိလို့ ကိုယ်ဘာတွေ
အဆင်ပြေနေလည်း စဉ်းစားကြည့်ရင်း
စိတ်ထဲမှာပဲ ကျေးဇူးတင်မနေပဲ ..
🔥မိဘတွေ ခံစားမိအောင် သိအောင်
ကိုယ့်ရဲ့ အပြုအမူ
အပြောအဆိုတွေကနေ တဆင့်
ကျေးဇူးတင်ကြောင်း
တန်ဖိုးထားကြောင်း ကို ဖွင့်ဟပြသင့်ပါတယ်..
🔥အသက်ကြီးလာတဲ့ မိဘတွေဟာ
အိုမင်းမစွမ်း ဖြစ်နေသည့်တိုင်
သားသမီးတို့အတွက်
အေးမြတဲ့ အရိပ်အာဝါသကို
ရှင်သန်နေသရွေ့ ပေးနေဆဲပဲမဟုတ်ပါလား..
Credit #Mo£sU(ရွှေကြာဆစ်ကြိုး)
No comments:
Post a Comment