ခံနိုင်ရည် ဆိုတာဘာလဲ...?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
သူငယ်ချင်းတွေ အချင်းချင်းခင်မင်လာပြီဆိုရင်..မျှဝေခံစားတတ်ကြတာကျနော်တို့ ဘ၀မှာကြုံဘူးပါလိမ့်မယ်...တခါလေများ...သူ့ ကိုထိခိုက်မှာစိုးလို့ ကိုယ်က ကာကွယ်ပေးပေမဲ့ ...ကိုယ့် အလှည့်ရောက်တဲ့ အခါ.... မသိချင်ယောင်ဆောင်တာကော...ကြုံဘူးလား....အဲ့ ဒိအခါ ကျနော်တို့ ခံနိုင်ရည်မရှိဘူး...ဒေါ်သဖြစ်ကြမိတတ်တယ်မဟုတ်ပါလား.........
ကျနော် မြင်သာအောင်...ပုံပြင်လေးတစ်ပုဒ်နဲ့  ပြောပြမယ်....တခါက လယ်သမားကြီးဆီမှာ..နွားနဲ့ ဆိတ်မွေးထားသတဲ့ ..... တနေ့ တေျာ့နွားက မကျန်းမာဖြစ်နေတယ်.. ဒီလိုနဲ့ ...ဆရာဝန်နဲ့ ပြသတဲ့ .........သုံးရက် ကြာလို့မှ မပျောက်ရင် ဒီနွားကို ချက်စားလိုက်တော့ လို့ ဆရာဝန် မှာသွားတယ် ။
လယ်သမားကြီးကလည်း ဆရာဝန် မှာကြားသွားတဲ့ အတိုင်း သုံးရက် ဆိုတဲ့အချိန်ကို စောင့်နေတော့တယ် ။
ဆိတ်က သူ့ မိတ်ဆွေ နွားအတွက် စိတ်မကောင်းဖြစ် နေရှာတယ် ။
တစ်ရက် ကြာလည်း ထမလား ။ နှစ်ရက် ကြာလည်း နွား က ထမလာ သေးတော့ သူငယ်ချင်း ကြိုးစားပြီး ထပါတော့ လို့ ဆိတ်က တိုက်တွန်းပြန်တယ် ။
တတိယနေ့ ရောက်တော့ ဆိတ် က သူငယ်ချင်း မင်း ထတော့ ။ မင်း ဒီနေ့မှ မထရင် မင်းကို ချက်စား ကြတော့မယ် လို့ပြော လိုက်တယ် ။ နွား လည်း နောက်ဆုံး လှဲနေရာမှ ထလိုက်နိုင်တယ် ။
လယ်သမားကြီးက နွား ကျန်းမာလာတာကို မြင်တော့ ၀မ်းသာခြင်း အထိမ်းအမှတ် အဖြစ်နဲ့ ဆိတ်သား ချက်စားပြီး အောင်ပွဲ ခံလိုက်လေတယ် ။
သူ့ ဒုက္ခက ကိုယ့်ဒုက္ခ အဖြစ် ပြောင်းသွားတဲ့ အခါမှာ ခံနိုင်ရည် မရှိဖြစ်သွားတတ်တယ် ။
တခါလေတော့ ကျနော့်တို့ က သူတစ်ပါးဒုက္ခက ကိုယ့်ဒုက္ခ အဖြစ်ထမ်းပိုးတတ်ကြပေမယ့်...... ကိုယ့် ဒုက္ခက ဖြစ်တဲ့ အခါ..... မိတ်ဆွေ သူငယ်ချင်းတွေ က..... မသိသလို နေကြရင်...ခံနို်င်ရေ မရှိဖြစ်တတ်ပါတယ်....။ အကောင်းဆုံးကတော့.... တစ်ယောက်နဲ့ တစ်ယောက်ကြားစာနာ တတ်မှုက အရေးပါတယ်....စာနာတတ်ပါစေဗျား....
ခင်မင်စွာဖြင့်ရွှေအိမ်စည်
Shwe Aeim Si
Credit
No comments:
Post a Comment