Monday, August 5, 2019

"နားလည်မှူ "

"နားလည်မှူ "

နားလည်မှူ ဆိုတဲ့စကားလုံးက အရမ်းလေးနက်လွန်းတယ်
ဘာလို့လဲဆိုတော့ နားလည်မှူဆိုတာ ဆုံးရှုံးသွားနိုင်တဲ့
အရာတစ်ချို့ကိုတောင် ကယ်တင်နိုင်သလို
ကိုယ့်အပေါ် စိတ်မဝင်စားတဲ့လူကိုတောင် ကိုယ့်ဆီရောက်အောင်
လမ်းပြပေးနိုင်တယ်။

အချစ်ဆိုတဲ့ အရာကို နားလည်မှူ မထည့်ပေးရင် အချိန်မရွေး
ပြိုကျသွားစေတတ်သလို အချစ်မပါလည်း အပြန်အလှန်နားလည်မှူရှိရင်
ခိုင်မာတဲ့သံယောဇဉ်ကြိုးကို မွေးထုတ်ပေးနိုင်တယ်။

လူတစ်ချိုက လူတစ်ချို့ကို နားလည်မှူနဲ့ မတန်ဘူးလို့ ပြောကြတယ်
ဟုတ်​ပါတယ်​ ဒါပေမယ့် နားလည်မှူနဲ့တန်သည်ဖြစ်စေ
မတန်သည်ဖြစ်စေ ကိုယ့်ဘက်က နားလည်ပေးရမှာက ကိုယ့်တာဝန်ပါ
တစ်ဖက်ကတန်ဖိုးထားတယ် မထားဘူးဆိုတာက
သူ့ကိစ္စပါ။

လောကမှာ ချစ်စရာအကောင်းဆုံးလူက ရုပ်အချောဆုံးလူမဟုတ်ပါဘူး
နားလည်မှူမြင့်မားတဲ့ လူသည်သာ လောကမှာချစ်စရာအကောင်းဆုံးပါ
ဘာလို့လဲဆိုတော့ အကောင်းမြင် ဖြည့်တွေးပီး ခွင့်လွှတ်တတ်သူကို
လူတိုင်းက ချစ်ခင်မြတ်နိုးကြတာ အမှန်တရားပါ။

နားလည်မှူ မြင့်တယ်/နိမ့်တယ်ဆိုတာက အတွင်းစိတ်သဘောထားနဲ့
သက်ဆိုင်ပီး ခံစားမှူ အတိမ်အနက် ၊ အတွေးအခေါ်နှင့် ဘဝအတွေ့အကြုံတွေက
အားဖြည့်ပေးပါတယ်။

အတ္တကြီးတဲ့လူတိုင်းက နားလည်မှူ  ပျောက်ဆုံးနေတတ်သလို
ကိုယ်ချင်းစာစိတ်မရှိရင်လည်း အခြားသူဘက်က
ဖြည့်တွေးပေးမှာ မဟုတ်ပါဘူး။

လူလူချင်း ၊ ချစ်သူချင်း ၊ အိမ်ထောင်သည်ချင်း ၊ မိတ်ဆွေတွေကြားမှာ
အဓိက ပေါင်းကူးတံတားလေးကတော့ "နားလည်မှု" ပါ။
နားလည်မှူရှိမှ အပြန်အလှန် အပေးအယူမျှတလာပီး
တစ်ယောက်နဲ့တစ်ယောက် အမှားအယွင်းရှိခဲ့ရင်တောင်
ထောက်ထားညှာတာစရာ ဖြစ်လာပါလိမ့်မယ်။

တစ်ခါတလေမှာ
"နားလည်မှူဆိုတာက ငှက်တစ်ကောင်လိုပဲ
တစ်ဖက်က ဘယ်လောက်ပဲ နားလည်ပေးပေး
တစ်ဖက်က အတောင်ကျိုးနေရင် လိုရာခရီးရောက်မှာမဟုတ်ပါဘူး"

လောကမှာ
ပြတ်တောက်သွားတဲ့ သံ​ယောဇဉ်​ကြိုးတိုင်းလိုလိုက
နားလည်မှူပြိုကွဲခြင်းကြောင့် ကျောခိုင်းသွားကြတာက
များပါတယ်
ထို့ကြောင့် "နား....လည်....မှူ"ဆိုတဲ့ စကားလုံးသုံးလုံးကို
အထူးသတိထားကြပါလို့ အကြံပြုပါရစေနော်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး[at7:00PM......3.7.2017]
Credit

No comments:

Post a Comment