စိတ်ဓာတ်ကျလွယ်တဲ့အကျင့်ကိုဖျောက်ပါ..
'ဘာဖြစ်လဲ ငါလုပ်နိုင်ရမယ်'ဆိုတဲ့
စိတ်မျိုးကိုသာ မွေးမြူပါ...
ကျွန်တော်ကတော့
ဘာတွေပဲဖြစ်ဖြစ်လဲမကျသွားတဲ့လူမျိုး
စိတ်ဓာတ်အမြဲသန်မာနေတဲ့လူမျိုးကို
သဘောကျတယ်
အလုပ်တွေဘယ်လိုပဲအဆင်မပြေနေပါစေ
အကြွေးတွေဘယ်လိုပဲရှိနေပါစေ
ပြဿနာတွေဘယ်လောက်ပဲတက်တက်
လူမှုရေးတွေ ဘယ်လိုပဲအဆင်မပြေပါစေ
လဲပြိုကျမသွားဘဲ
ကြံ့ကြံ့ခံဖြေရှင်းနေတဲ့လူမျိုး
လုပ်စရာရှိတာဆက်လုပ်သွားနိုင်တဲ့လူမျိုးကို
သိပ်သဘောကျတယ်....
ခဏခဏစိတ်ဓာတ်မကျပါနဲ့
အကျင့်ပါပါတယ်
ကိုယ့်ထက်မြင့်တဲ့လူတွေကိုကြည့်ပြီး
စိတ်ဓာတ်တွေကျနေတာမျိုး...
ပျော်စရာကောင်းတဲ့
သူများမိသားစုတွေကိုကြည့်ပြီး
ကိုယ့်ဘဝကိုအားငယ်နေတာမျိုး...
သူများတွေရဲ့အချစ်ရေး
အဆင်ပြေနေတာကိုကြည့်ရင်း
လက်ရှိကိုယ့် relationship ကို
စိတ်ပျက်နေတာမျိုး...
သူများတွေရဲ့ ရုပ်ဝတ္ထုအသုံးအဆောင်တွေ
ရာထူးဂုဏ်ပုဒ်တွေ ငွေကြေးပမာဏတွေကို
ကြည့်ပြီး စိတ်ဓာတ်ကျတာမျိုး...
ခဏခဏမလုပ်ပါနဲ့
ကြာလာတဲ့အခါ
နေရင်းထိုင်ရင်းကို စိတ်ဓာတ်ကျလွယ်
အားငယ်လွယ်လာတက်ပါတယ်...
လုပ်ပါများရင်း အကျင့်ဖြစ်လာပြီး
အဲဒီအကျင့်တွေကပဲ
ကိုယ့်ဘဝအနာဂတ်ကို စီမံသွားတာပါ...
What we get is what we accept ဆိုတာ
မမေ့ပါနဲ့...
ဘာပဲဖြစ်ဖြစ်ပျော်အောင်နေပါ
ဘဝတွေဟာ
ငိုလည်းခဏတာ ရယ်လည်းခဏသာမို့
ငိုကြောမရှည် စိတ်ညစ်မနေဘဲ စိတ်ဓာတ်တွေသန်မာအောင်လေ့ကျင့်ပါ...
' စိတ်ဓာတ်မကျရတော့ဘူးလား'လို့တော့
မေးစရာရှိတယ်
လူပဲ တခါတလေစိတ်ဓာတ်ကျကြတာပေါ့
လုပ်နေတဲ့အလုပ်တွေ
ဆက်မလုပ်ချင်လောက်အောင်...
လက်ရှိလူတွေနဲ့ဝေးရာကို
ထွက်သွားချင်လောက်အောင်...
တခါတလေ ပိန်ချုံးကျသွားတဲ့အထိ
စိတ်ဓာတ်ကျကြတာပေါ့
ဒါပေမယ့် ခဏပဲခံစားပါ
ကြာရှည်စိတ်ဓာတ်မကျပါနဲ့
ကျဖို့လည်းမလိုဘူးအပ်ပါဘူး
"ဒါဟာ ငါ့အတွက်လမ်းဆုံးမဟုတ်ဘူး "
"ငါ့အတွက် နောက်ထပ်လမ်းတွေရှိနိုင်သေးတယ်"
"ရှိသေးတယ် ရှိကိုရှိရမယ် "လို့အမြဲတွေးပါ....
သင့်ဦးနှောက်ထဲ မရှင်းသရွေ့
စိတ်ကူးသစ်တွေဝင်လာနိုင်မှာမဟုတ်သလို
သင်ကိုယ်တိုင်က stress zone ထဲက
မထွက်သေးသရွေ့
ပိုမိုကောင်းမွန်တဲ့အခြေအနေကို ရောက်ရှိနိုင်မှာမဟုတ်ဘူး
စိတ်ဓာတ်တွေကျ
တွေ့တဲ့လူနဲ့အဆင်မပြေ
စကားတွေမှား ပြဿနာတွေထပ်တက်
မြင်သမျှအရာတွေကို အပြစ်မြင်
အရက်သောက်ရင်း ငိုကြွေးရင်း
အိပ်ယာထဲမှာခွေနေရင်း
အချိန်ကုန်နေမယ့်အစား..
လူးလဲထပြီး ရေချိုးလိုက်ပါ
အဓိကဖြေရှင်းရမယ့်ကိစ္စကိုသာ
ဆွဲထုတ်လိုက်ပါ
ဘယ်လိုဖြေရှင်းရမလဲဆိုတာ
ခေါင်းအေးအေးနဲ့စဉ်းစားပါ
သူများတွေကိုလိုက်ကြည့်စရာမလိုပါဘူး
နှိုင်းယှဉ်နေစရာမလိုပါဘူး
ဝေဖန်ကဲ့ရဲ့နေတာတွေကို အဖက်လုပ်နေစရာမလိုပါပဲ
သင့်ကိုယ်သင်အသုံးမကျဘူးလို့
မြင်နေစရာမလိုပါဘူး
ဘယ်အရာကမှ ငါ့စိတ်ငါ့ခန္ဓာလောက်အရေးမကြီးဘူးလို့တွေးပါ
ငါဖြေရှင်းနိုင်တယ်
ငါလုပ်နိုင်တယ်ဆိုတာကိုပဲတွေးပါ
လူတိုင်းဟာ ပြဿနာတွေကို
ကြုံလာရင်း ဖြေရှင်းရင်းနဲ့
အသက်ရှင်နေနေကြရတယ်ဆိုတာ
အမြဲနှလုံးသွင်းပါ..
တဖြေးဖြေးနဲ့ သင်ပြန်ပြီး OK လာမယ်လို့
ကျွန်တော်ယုံကြည်နေပါတယ်
လောကမှာ လူ့ဘဝကိုရလာတာ
သင့်ကိုအမေမွေးပေးခဲ့တာ
သင့်ကိုဘုရားသခင်ကဖန်ဆင်းပေးခဲ့တာ
ဒီအတိုင်း အရှုံးပေးလိုက်ဖို့မှ မဟုတ်ပဲ...
ကဲ....
Stress zone ထဲက ထွက်ကြပါစို့....
with love,
Min Yel Kyaw Swar❤
3.8.2019
Credit
No comments:
Post a Comment