Thursday, August 1, 2019

ပျော်ရွှင်မှု နဲ့ အောင်မြင်မှု

ပျော်ရွှင်မှု နဲ့ အောင်မြင်မှု
🤝🤝🤝🤝🤝🤝🤝🤝

ကျမ ဘဝ မှာ ဒွိဟအမြဲ ဖြစ်ရတဲ့ အရာကတော့ ပျော်ရွှင်မှုနောက်ကို လိုက်မလား အောင်မြင်မှုနောက်ကို လိုက်မလားဆိုတာပါပဲ

တခါတရံ ကျမတို့တွေ စိတ်ပင်ပန်းဒဏ်ကို မခံ နိုင်ကြဘူး ။ စိတ်ညစ်စရာ တွေ ရှိလာရင် ကိုယ် လုပ်နေ သမျှ အရာအားလုံးစွန့် လွှတ်ပြီး ဟိုးအဝေး ကြီး ကို ထွက်သွားချင်မိတယ်

တခါတရံကျတော့ လည်း အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ကို ကြည့်ပြီး သူတို့ လို ကိုယ်လည်း အောင်မြင်တဲ့သူ တယောက် ဖြစ်ချင်လာပြန်ရော ။

ဒါပေမယ့် အောင်မြင်နေကြတဲ့သူတွေ က လွယ်လွယ်ကူ ကူ နဲ့ အောင်မြင်နေကြတာမဟုတ်ဘူးလေ

သူတို့တွေ ဒီ နေရာ မှာ မားမားရပ်နိုင်ဖို့

ပေးဆပ်ခဲ့ရတာတွေ ၊ သူများ ကစားချိန် မှာ မကစားပဲ ကြိုးစား ခဲ့ရတာတွေ ၊ အိပ်ချိန်တွေ ကို စွန့် လွှတ်ပြီး အလုပ်လုပ်ခဲ့တာတွေ အများကြီး မှ အများကြီး ပဲ။

အဲ့ဒါတွေ ကို တွေးမိပြန်တော့ အိပ်ရေးမက်တဲ့ ကျမ အပျော်မက်တဲ့ ကျမ အိပ်ရေးပျက်ခံနိုင်လား ဆိုတော့ အပျက်မခံနိုင်

အပျော်တွေ ကို စွန့်လွှတ်နိုင်လားဆိုတော့ မစွန့်လွှတ်နိုင်နဲ့ ဟိုမရောက်ဒီမရောက် တွေဝေ ဒွိဟ ဖြစ်နေတယ်ဆိုပါတော့

တချို့ကျတော့လည်း အောင်မြင်မှု နဲ့ ပျော်ရွှင်မှု နှစ်ခုစလုံး ရထားကြတာတွေ့ရတယ်။

ဥပမာ ။ FB တည်ထောင်သူကြီး

သူဆိုရင် သူဝါသနာပါတဲ့ အလုပ်လုပ်ပြီးအောင်မြင် နေတာလေ ။ သူဒီ အလုပ်လုပ်ပြီး ပျော်နေလေရဲ့။

အဲ့ဒါကို သေချာ တွေးမိတော့ သူ့အတွက် သူ့ရဲ့ ပျော်ရွှင်မှု ဆိုတာဘာလဲ

အရှေ့နဲ့ အနောက် မှာရှိတဲ့ လူတွေကို ချိတ်ဆက်ပေးတာ

အဆက်အသွယ်ပျက်နေတဲ့ လူတွေကို FB ကနေ တဆင့်ပြန်ရှာတွေ့စေတာ

ကမ္ဘာကြီး ကို ရွာတရွာလောက်သေးငယ်သွားအောင် ဆက်သွယ် နိုင်စေတာ

သူဒါတွေကိုလုပ်ပေးရတာ က သူ့အတွက် ပျော်ရွှင်မှုပဲ

သူရွေးချယ်ခဲ့တဲ့ ပျော်ရွှင်မှု က စစ်မှန်ပြီး သူတပါးကိုပါ ကူးစပ်စေခဲ့တော့ အောင်မြင်မှု က နောက်က ကပ်ပါလာတော့တာပေါ့ ။

တဖက် က မအောင်မြင်တဲ့ ကျမတို့လို လူတွေ ရွေးချယ်တဲ့ ပျော်ရွှင်မှု ကို ပြန် ကြည့်မယ်ဆိုရင်

ကိုယ်ကြိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲ လေး တနေ ကုန် ထိုင်ကြည့်နေရတာ ကျမတို့ရဲ့ ပျော်ရွှင်မှု

နေမြင့်မှ အိပ်ရာထရတာ ကျမတို့ရဲ့ ပျော်ရွှင်မှု

အတင်းပြောရတာ ကျမတို့ရဲ့ ပျော်ရွှင်မှု

သက်တောင့်သက်သာ နေရတာ ကျမတို့ရဲ့ ပျော်ရွှင်မှု

ကိုယ်လိုချင်တဲ့ ပစ္စည်းလေး တခု ပိုက်ဆံစုပြီး ဝယ်လိုက်ရတာ ကျမတို့ရဲ့ ပျော်ရွှင်မှု

ဒါတွေ ကို ကြည့် ခြင်းအားဖြင့် ကျမတို့သာမန်လူတွေ ရွေးချယ်နေတဲ့ ပျော်ရွှင်မှုဟာ ဆိုရင် ကိုယ်တယောက်ထဲ အတွက် ပဲ ဖြစ်နေပြီးတော့ သူများ ကို ကူးစပ်စေနိုင်တဲ့ ပျော်ရွှင်မှု မျိုး မဟုတ်တာ တွေ့ရှိရပါလိမ့်မယ်။

ဒီ ပျော်ရွှင်မှု ကို ရွေးချယ်ပုံ ကွာခြားချက်က ပဲ သာမန်လူ နဲ့  အောင်မြင်နေတဲ့သူ ဆို ပြီး ခွဲခြား ပေးခဲ့တာ ဖြစ်ပါတယ်။

ကျမတို့တွေ ပျော်ရွှင်ပြီး အောင်မြင်တဲ့သူ ဖြစ်ချင်လား ဒါမှမဟုတ် ပျော်ရွှင်မှုသက်သက်ချည်း ပဲ ကို ရွေးချယ်မလား ဆိုတာ ကတော့ ကျမတို့ပေါ်မှာပဲ မူတည်ပါတယ်။

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Credit My Diary

No comments:

Post a Comment