အကယ်၍...
********
•• တစ်ပါးသူတွေ ပေးတဲ့
စိတ်ဒဏ်ရာတွေကို ရရှိတဲ့အခါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့ ~~~
•• အကယ်၍ ……
လောကဓံရဲ့ ခါးသီးခြင်းတွေကို
ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို
အားတင်းထားဖို့ မမေ့ပါနဲ့ ...
ဘ၀ဆိုတာ အချို ရော အခါးရော
ပေးတတ်တာ သတိရပါ ~~~
•• အကယ်၍ ……
တစ်ချို့ လူတွေက …
ကိုယ့်နာမည် ' ကိုယ့်ဂုဏ်သိက္ခာကို
ချိုးဖဲ့တာမျိုးကြုံ ခဲ့ရင် ကိုယ့်ကိုယ်ကို
ယုံကြည်မှု့ရှိဖို့ မမေ့ပါနဲ့ ...
လောကမှာ မှန်တာပြောတာထက်
မမှန်တာပြောတဲ့သူတွေက
များတယ်ဆိုတာ သတိရပါ ~~~
•• အကယ်၍ ……
လူတွေက ဒါ မင်းအပြစ်ပါလို့
လက်ညိုးထိုးစွပ်စွဲတာမျိုးကြုံ ခဲ့ရင်
ကိုယ့်ကိုယ်ကို နားလည်တတ်ဖို့ မမေ့ပါနဲ့ ...
တစ်လောကလုံးနားမလည်ရင်တောင်
ကိုယ်လုပ်နေတာ ကိုယ်ကိုယ်တိုင်
နားလည်ဖို့ ပဲလိုပါတယ် ~~~
•• အကယ်၍ ……
ကိုယ် အကူအညီလိုတဲ့အခါ
ကူညီမယ့်သူ မရှိခဲ့ရင် ??
ကိုယ့်ကိုယ်ကို ပြုံးပြဖို့ မမေ့ပါနဲ့ ...
နောက်တစ်ခါ မည်သူ့ ဆီကမှ
အကူအညီမယူမိအောင်ကြိုးစားလိုက်ပါ ~~~
•• လူ့ ဘ၀မှာ ……
"' လူတိုင်း နိမ့်ကျ ဖူးတယ် "'
"' လူတိုင်း အမြင့်ကိုရောက်ခဲ့ဖူးတယ် "'
"' လူတိုင်း ချစ်ခဲ့ဖူးတယ် "'
"' လူတိုင်း ငိုကြွေးခဲ့ဖူးတယ် "'
"' လူတိုင်း ပျော်ရွင်ခဲ့ဖူးတယ် "'
•• အကယ်၍ ……
ကိုယ် တစ်ယောက်ထဲမှ
ကြုံတွေ့ နေရတယ်လို့ ထင်တဲ့အခါ
အပြင်ကို ထွက်
လူတွေကို လိုက်ကြည့်ကြည့်ပါ ~~~
!""' လူတိုင်းလူတိုင်းဟာ …
ဘဝကပေးတဲ့ သုခ ' ဒုက္ခတွေ ကိုယ်စီနဲပါ …
ကိုယ့်ကိုယ်ကို လေးစားဖို့ မမေ့ပါနဲ့ !""
crd-
No comments:
Post a Comment