ရင်ထဲက ပုဂ္ဂိုလ်
______________
ကျနော်တစ်ယောက်ယောက်ကို ဝင်တိုက်မိလိုက်ပြီး သူရောကျနော်ပါ ယိုင်ထွက်သွားသည်။
ကျနော့်အလွန်လို့  ယူဆမိတာကြောင့်လည်း ကျနော်ကပဲ ဦးအောင် တောင်းပန်လိုက်မိသည်။
''Sorryဗျာ ကျနော် ငေးပြီး လမ်းလျှောက်လာမိလို့ ''
သူကအင်မတန်ဖော်ရွေသော အပြုံးတို့ ဖြင့်
''ရပါတယ်ဗျာ လောကီသားအချင်းချင်းပဲ''တဲ့
သူ့ ကြည့်တော့
အင်မတန်ခန့် ငြားသည့်ရုပ်သွင်၊
အဆင့်အတန်းရှိမယ့်ပုံစံ၊
သဘောမနောကလည်း
သိပ်ကောင်းလွန်းပုံရသည်။
ကျနော်တို့  ဖြစ်စဉ်ကို အရက်ဆိုင်ထောင့်မှာ
ထိုင်နေတဲ့အဘိုးကြီးတစ်ယောက်က
သေချာမြင်ပုံရသည်။
''မင်းသူ့ ကိုသိလား ''
''မသိဘူးဗျ''
'မာရ်နတ်ဆိုတာသူပေါ့''
''ဗျာ''
ကျနော်သွေးတက်မတတ်လန့်  သွားသည်။
အဲ့ဒိလူ အပြုံးကိုပြန်တွေးရင်း
ကျောထဲစိမ့်လာလေသည်။
''သူ... သူ ... ကျနော့်ကို''
အဖိုးကြီးက လှောင်ပြုံးလေးပြုံးပြီး
''စိုးရိမ်တတ်ရန်ကောငါ့တူရယ်။
သူကမင်းကို ရန်မမူပါဘူး။
မင်းသေရမှာကြောက်တယ်မဟုတ်လား''
''ဘယ့်နှယ့်ပြောပါလိမ့်ဗျာ။
သေရမှာ မကြောက်တဲ့သူရှိလို့ လား''
''အဲ့လိုစိတ်နဲ့ ဆို မာရ်နတ်ကမင်းကို
ပိုတောင်ချစ်ဦးမယ်။
မင်းဘဝကြီးကို မင်းမြတ်နိုးတွယ်တာနေရမယ်။
သေရမှာကို ကြောက်ရွံ့ နေရမယ်။
အဲ့ဒါဆို မာရ်နတ်က မင်းကို ချစ်ပြီ''
''ကျနော်ကြားဖူးတာက မာရ်နတ်က
ဗီလိန်နော်။ ဗုဒ္ဓကိုတောင် ရန်ရှာတာ''
''ဒိုးစမ်းပါကွာ အဲ့ဒိဗုဒ္ဓဆိုတာကြီး...။
ဒီမှာငါ့ကောင် မာရ်နတ်က ''ဗုဒ္ဓကိုတောင် ''
ရန်ရှာတာမဟုတ်ဘူး။
အဲ့ဒိစကားမှားတယ်
''ဗုဒ္ဓကိုပဲရန်ရှာတာ'
Just Buddha.
Only Buddhaကြ”
''ဗျာ ဗုဒ္ဓကဘာမှားနေလို့ လဲ''
အဖိုးကြီးက အရက်ခွက်ကို ဆကြည့်ရင်း
ကျနော့်ကို စေ့စေ့ကြည့်ကာ
''မင်းအပြင်ကို ငေးကြည့်လိုက်စမ်း။
ညနေခင်းလေးဘယ်လောက်လှလဲ''
အရက်တကျိုက်ကို မော့သောက်လိုက်ပြီး
''အား ကောင်းလိုက်တာ။
ဘယ်လောက်အရသာရှိလိုက်တဲ့ အရက်လဲကွာ။
ဒါလောကစည်းစိမ်ပဲကွ။အရသာခံတတ်မှ သိတာ။
ဒါနဲ့ ငါပြောရဦးမယ်။
မင်းရဲ့ ဗုဒ္ဓဘယ်လောက်တောင် အလိုက်မသိလဲဆိုတာကို''
''အင်း ပြောကြည့်ပါဦး''
''မာရ်နတ်က ပါတီတစ်ပွဲစီစဉ်ပေးတယ်။
freeနော် free။
အရက်ကြိုက်သလောက်သောက်
စကီလေးတွေကြိုက်သလောက်တွဲ။
အကုန် freeပဲ။
နည်းနည်းအရှိန်ကောင်းလာတော့
DJသမားတွေငှားပြီး ငါတို့ ကို ကခုန်စေတယ်။
အိုး ဘာပြောကောင်းမလဲ။
ကလိုက်တာမှ ကွေးလို့ ။
အကုန်ပျော်နေကြတာ။
အဲ့ဒိအချိန်မှာ လူတစ်ယောက်က
ရောက်လာပြီး
မီးပလပ်တွေဆွဲဖြုတ်တယ်။
သူဝင်လာမှ ပွဲကြီးကတိတ်သွားတယ်။
အဲ့ဒိလူက စူးစူးဝါးဝါးကြီး
စကားတစ်ခွန်းလာအော်သွားတယ်။
ဘာအော်သွားတယ်ထင်လဲ။
'အပ္ပမာဒေန သမ္ပာဒေထ'တဲ့ကွာ။
အဲ့ဒိမှာ ကနေတဲ့သူတွေလည်း သတိပြန်ဝင်လာပြီး သူ့ အိမ်သူ့ ရာ ကိုပြန်သွားကြတယ်။
ပါတီပွဲလည်း ပျက်တာပေါ့ကွာ''
''ဘယ်သူက လာအော်သွားတာလဲ''
''ဘယ်သူရှိရမှာလဲ။
ဟိုဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ပေါ့''
''ပွဲပျက်သွားတော့ ပွဲစီစဉ်သူက
မတင်းဘူးလား''
''မတင်းဘဲနေမလားကွာ။
တင်းတာပေါ့။ အဲ့ဒါနဲ့  ဗုဒ္ဓကို ပြသနာလိုက်ရှာတယ်''
''ပုံမှန်အတိုင်းဆိုမာရ်နတ်က သဘောကောင်းပါတယ်ဗျ''
''ဒါဆိုဘယ်သူလွန်တယ်လို့  မင်းထင်လဲ''
ကျနော်တွေဝေသွားသည်။
''ဒီမှာကောင်လေး… တို့ မာရ်နတ်က
တို့ ကို လောကီအတွင်းမှာ
ပျော်ရွှင်စေချင်တယ်။
စည်ကားသိုက်မြိုက်စေချင်တယ်။
ဒါကို ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်က
ဖျက်လိုဖျက်ဆီးလုပ်ချင်နေတာ''
ကျနော်အဖိုးကြီးရဲ့ အာဘော်မှာ မြောနေမိရင်း
အပမာဒတရားကို ရုတ်တရက်
ဆင်ခြင်မိသွားသည်။
သမ္မာ သတိနှင့် သမ္မာသင်္ကပက ကျနော့်ကို
အဖိုးကြီး အာဘော်နောက် မြောမသွားအောင်
တားဆီးနေလေသည်။
''အဖိုး တစ်သက်လုံးပျော်ဖို့  လွယ်ကူပါ့မလား''
''ပျော်အောင်နေရင်ပျော်တာပေါ့ကွ''
''မဟုတ်သေးဘူးလေ။
အခုဆို အဖိုးအိုနေပြီ။
ဒါဇာတိ ကနေ ဇရာကိုရွေ့ နေတာ
ပြီးရင်ဗျာဒိလာမယ်။
မရဏလာမယ်''
အဖိုးကြီး မျက်နှာ နီမြန်းလာပြီး
''ဟေ့ကောင် မင်းတို့ ဗုဒ္ဓရဲ့တော်ကီတွေ
ငါ့လာထည့်မနေနဲ့ ။
အေး အဲ့ဒိဗုဒ္ဓကိုတွေ့ ရင်ပြောလိုက် ။
သတ္တဝါတွေကို လောကကနေ
ဆွဲမထုတ်သွားနဲ့ လို့  ''
တရှုးရှုးတရှားရှားနဲ့ 
ဒေါသထွက်နေသော အဖိုးကြီးနားက
ကျနော်ရှောင်ထွက်လာခဲ့သည်။
လောကမှာ ပျော်ရမှာလား။
မပျော်ရဘူးလား။
မဖြစ်ချေဘူး ဗုဒ္ဓနဲ့ တွေ့ မှ ရတော့မယ်။
ကျနော် ဇေတဝန်ဘက်ကို ထွက်လာတော့
ရဟန်းအိုကြီး တစ်ပါးနှင့်ဆုံသည်။
ဗုဒ္ဓကို ကြားသာကြားဖူးသော်လည်း မမြင်ဖူးသူမို့ 
ဒီရဟန်းအိုကြီးကို မေးလျှောက်ရသည်။
တွေ့ ချင်စိတ်များနေသဖြင့်လည်း
စကားတွေလောနေမိသည်။
''အရှင်ဘုရား ဗုဒ္ဓရှိရာသို့  လမ်းညွှန်တော်မူပါဘုရား''
ထိုရဟန်းအိုကြီးက ဣနြေ္ဒရရပြုံးတော်မူပြီး
''အမှောင်နဲ့ အလင်းဟာ ပက်ပင်းတိုးတဲ့ ထုံးစံမရှိဘူးဒကာ။
သင်အခု တွေ့ ဖို့  စိတ်တွေသိပ်လောနေပါသလား''
''တင်ပါ့ဘုရား''
''ဒါဆို ဗုဒ္ဓကိုတွေ့ လို့ မရသေးပါဘူး'
ကျနော်စိတ်ခုသွားမိသည်။
ဒီလောက်တွေ့ ဖို့ ပြင်းပြနေချိန်မှာ
စိတ်တိုသွားမိတာအမှန်ပဲ။
''တပည့်တော်က ဗုဒ္ဓကိုတွေ့ ချင် လို့ 
လာတာဘုရား ။
ဘာလို့ တွေ့ ခွင့်မရှိရတာလဲ''
''ဒကာအခု စိတ်တွေတိုနေတယ်မဟုတ်လား''
''တိုတယ်ဘုရား ။ ဒီလောက်တွေ့  ချင်နေတာကို
အငြင်းခံရတော့ တိုမိတယ်ဘုရား''
''တွေ့ လိုဇောကြောင့်
လောဘသိပ်ကဲနေခဲ့တယ်။
လောဘသိပ်ကဲရင်
ဗုဒ္ဓကို မမြင်ဘူးဒကာ။
တွေ့ ခွင့်မရလို့ ဒေါသစိတ်ကဲလာပြန်တယ်။
ဒေါသစိတ်နဲ့ လည်း ဗုဒ္ဓကို မမြင်ဘူးဒကာ''
ဟာ ဟုတ်တာပေါ့
လောဘမရှိတဲ့ ဗုဒ္ဓ၊
ဒေါသမရှိတဲ့ ဗုဒ္ဓနဲ့ တွေဖို့ ဆိုရင်
ကျနော်လည်း လောဘ ဒေါသတွေ
ထိန်းချုပ်ထားမှရမယ်။
''ဒကာ ထိန်းချုပ်ဖို့ 
သတိဝင်သွားပြီထင်တယ်''
''တင်ပါ့ဘုရား”
"ဒါဆို သမာဓိရှိပြီပေါ့။ တည်ငြိမ်သွားပြီပေါ့''
''တင်ပါ့ဘုရား ''
''ဒါဆို သင်ဗုဒ္ဓကို မြင်ပြီ''
'ဘယ်မှာလဲဘုရား''
''ငါဗုဒ္ဓပဲ''
ကျနော်အလွန်အမင်းဝမ်းသာသွားသည်။
ဦးကုန်းချဖို့ လုပ်တော့
''စိတ်ထိန်းဒကာ။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။
ငါဟာ ငါ့ကို အဖူးမျှော်ခံဖို့ သပ်သပ်
ဘုရားအဖြစ်ကျင့်ခဲ့တာမဟုတ်ဘူး။
သံသရာမှ လွတ်ကြောင်း တရားတွေကို
ရှာဖွေဖို့ ၊
တွေ့ ရှိတဲ့တရားတွေကို ဟောပြောဖို့ ၊
ဘုရားအဖြစ်ရောက်ခဲ့တာ။
ဓမ္မကို ပြဖို့  ဘုရားကို မြင်စေတာပါ''
''အရှင်ဘုရားကို ဖူးခွင့်ရရင်
ဘယ်နှစ်ကမ္ဘာချမ်းသာ...… …”
''တန်လော့ ဒကာ။
ငါဘုရားကို ကြည်ညိုနေရုံနဲ့  တရားမရဘူးဆိုတာ ညီတော်အာနန္ဒာက သက်သေပဲ။
ဓမ္မဓိဋ္ဌာန်နဲ့  မချစ်ဘဲ ပုဂ္ဂလဓိဋ္ဌာန်နဲ့ 
ချစ်လို့  သဒ္ဓါလွန်ကာ
တဏှာကျွန် ဖြစ်နေတယ်။
သူအခု သောတာပန်အဆင့်က
မတက်သေးဘူး။
မဟာသဝကတစ်ပါး ဖြစ်ပါလျက်နဲ့  ရဟန်း
ကိစ္စမပြီးသေးဘူး။
ငါဘုရားမရှိတော့မှ သူရဟန္တာဖြစ်မှာ။
နောက်ထပ်လူပုဂ္ဂိုလ်ထဲမှာ ငါဘုရားကို
အကြည်ညိုဆုံး အဇာတသတ်သည် လည်း တရားမရရှာသေးဘူး။
အခု ဒကာဟာ ငါဘုရားကို
သဒ္ဓါဖြင့်သာမြင်တယ်။
ပညာနဲ့ မမြင်သေးဘူး''
''တပည့်တော်မြင်တယ်လေဘုရား'
''ဗဟိဒ္ဓမှာသာမြင်ပြီး
အဇ္ဈတ္တမှာ မမြင်ဘူး။
ငါဘုရားကို ပြင်ပမျက်စိနဲ့ မကြည့်နဲ့ 
ဓမ္မမျက်စိနဲ့  ကြည့်ပါ။
ဒါမှသာမြင်မှာ'
''ဘယ်လို ကြည့်ရမလဲဘုရား''
''သင့်ခန္ဓာငါးပါးရဲ့ ဒုက္ခကို မြင်အောင်ကြည့်၊ သိအောင်ရှုပါဒကာ။
ဒါဟာ ဒုက္ခသစ္စာကို သိအောင်ကြိုးစားခြင်းပဲ”
ဒုက္ခကို သိရင် အရှင့်ကိုမြင်ပြီလား ဘုရား''
''ဒုက္ခကို ဒုက္ခမှန်းသိတော့ မငြိမ်းချင်ဘူးလား''
''ငြိမ်းချင်ပါတယ်ဘုရား''
''ငြိမ်းချင်ရင် ဒုက္ခဖြစ်စေတဲ့
သမုဒယကိုပယ်နိုင်အောင်လုပ်ပေါ့။
ငါစွဲ သက္ကာယဒိတ္ထိ ကို ပြုတ်အောင်လုပ်''
''သမုဒယဆိုတဲ့ ကိလေသာတွေကိုဘယ်နည်း
နဲ့ ပယ်ရမလဲဘုရား”
"လွန်ကျူးလိုတဲ့ကိလေသာတွေကိုသီလနဲ့ တားပါ”
"ထကြွချင်တဲ့ ကိလေသာတွေကို
သမာဓိနဲ့ ထိန်းပါ”
"ကြွင်းကျန်ကိန်းအောင်းနေတဲ့
ကိလေသာတွေကို
ပညာနဲ့ သတ်ပါဒကာ”
သီလသမာဓိပညာကို ပိုင်းခြားထားသော၊
စုဖွဲ့ ထားသောမဂ္ဂင်ရှစ်ဖြာကို ငါဘုရား
ဟောကြားထားပါတယ်”
''ဒါဆိုရင် အရှင့်ကို မြင်ပြီလားဘုရား''
''နိရောဓဆိုက်ခြင်းနဲ့ အတူ ငါဘုရားကို မြင်ပါလိမ့်မယ်''
ဘုရားရှင်ကို ဦးချကန်တော့ပြီး
လှည့်ပြန်ဖို့ အလုပ်မှာ
''ဘုရားကို စေတီမကွယ်စေနဲ့  ဒကာ''
ဆိုတဲ့ ဘုရားရှင်ရဲ့ မြွက်ကြားသံကို
ကျနော်ကြားလိုက်ရတယ်။
#Error(Sithu)
8/5/2018
Credit
No comments:
Post a Comment