ညီမလေးဖတ်ဖို့
✏ ✏ ✏ ✏
ဟဲ့ ညီမလေးမိနှင်း ဘာဖြစ် မှိုင် တွေတွေနဲ့
ဘာမှ ဟုတ်ပါဘူး ကိုကြီးရာ
ညီမလေး ကောင်လေး ညီမလေးကို သစ္စာဖောက်လို့
အဲ့များဟာ နင့်အပေါ်မကောင်းဖူးထင်ရင်
လမ်းခွဲလိုက်ပေါ့ဟ
အဲ့လိုကြတော့လည်း ညီမလေး မနေနိုင်ဘူးလေ
လူပဲဟာ အားလုံး ရွေးချယ် ခွင့်ရှိကြပါတယ်
လူဆိုတာ သာယာမှုကို ကြိုက်နှစ်သက်ကြတယ်
ဆွဲငင်ရာမှာ စီးမျောကြတယ်
ကိုကြီး လူတွေ ဘာကြောင့် ကိုယ့်အပေါ်မကောင်းတဲ့လူကို
တောင်းတတတ်ကြတာလဲဟင်
ရော့ ဒီမှာငါးခေါင်းတွေ အရိုးတွေ
အိုးထဲရေဖြည့်ပြီး တည်လိုက် ဝက်ကျွေးမလို့
ဟွန့် ကိုယ့်အစ်ကိုမို့
ပြေပျောက်အောင်နည်းလမ်းပေးမလားမှတ်ပါတယ်
အလုပ်ခိုင်းဖို့ပဲသိတယ်
နင့်ကိုရည်းစားထားဖို့ရော ခိုင်းလို့လား
ကိုယ့်ကြယ်သီး ကိုယ်ပိုင်တယ်ထင်လို့ ဖြစ်ကြတာပဲ
အသဲကွဲမှ လူသိအောင် ကြေငြာချင်သေးတယ်
သွား အဲ့အိုးကိုအဖုံးဖွင့်ပြီးတည်
ပြီးရင် နင်မေးတာငါဖြေမယ်
ရော့ ယပ်တောင် ယင်ကောင်တွေမောင်း
ကိုကြီးကလည်း မီးဖိုပေါ်က အိုးကို ယင်ကောင်တွေနားပါ့မလား
နင်စောင့်ကြည့်နေ ပွက်ပွက်ဆူ တဲ့အထိ
ဝက်ကျွေးမယ့်အိုးများ ယင်ကောင်ကျမှာစိုးလို့တဲ့
မှတ်တောင်ထားရဦးမယ်
ဒီယင်ကောင်တွေကလည်း ရေတွေအငွေ့ပျံနေတာတောင်
လာ လာ နားသေးတယ်
ဒါပဲလေ မိနှင်းရဲ့
လူတွေရဲ့ စိတ် ခံစားချက်ဟာ အဲ့ယင်ကောင်တွေလိုပဲ
ကိုယ့်ကို ပူလောင်စေမှန်းသိတယ်
အပူဒဏ်ကို ခံနိုင်သလောက်ထိ ရစ်ဝဲတယ်
အညှီကို တပ်မက် စိတ်နဲ့ ရနိုင်သလောက် ချည်းကပ်တယ်
တချို့ဆို အဲ့ အိုးထဲ ကျတဲ့အထိ ရှေ့ဆက်တိုးကြတယ်
နင်လည်း ယင်ကောင် တစ်ကောင်ပဲလေ
ဘေးလူတွေဘယ်လောက်ပြောပြော
နင်သာယာရင် ရှေ့တိုးမှာပဲ တောင်းတမှာပဲ
ဘာလို့လဲ ဆိုတော့ ငါတို့ရဲ့ စိတ်တွေဟာ
ယင်ကောင်တွေလို ဖြစ်နေသေးလို့ပဲ ညီမလေး
ဟိုမှာကြည့်လေ ခုဆို အိုးထဲကရေက
အရမ်းပူလာပြီ တဖြည်းဖြည်း ယင်ကောင်တွေ နောက်ဆုတ်နေကြပြီ
ဒါပေမယ့် မပြတ်သားတဲ့စိတ်နဲ့တော့ ငေးကြည့်နေကြတုန်းပဲ
မျှော်လင့်ချက်ရဲ့ တစ်ဖက်မှာ
ဘဝကိုတော့ မသေစေနဲ့ ညီမလေး
ဘာလိုလဲဆိုတော့ မျှော်လင့်ချက်တိုင်းဟာ ပျက်စီးလွယ်သလို
ပြန်တည်ဆောက်ဖို့လည်း အရမ်းလွယ်ကူလို့ပဲ
ခု နင်ရော ဘာလုပ်မှာလဲ
credit
No comments:
Post a Comment