ဘယ်သူပိုင်ပါသလဲ ?
***********
တစ်ခါက နယ်လှည့်ပညာရှိကြီး တစ်ဦ
ရွာတစ်ရွာမှာ ခေတ္တအခြေချ ရင်း
အသိပညာအတတ်ပညာများ
ဖြန့်ဝေလျက် ရှိနေပါသည်။
တစ်နေ့ ရွာအပြင်ဖက် လမ်းလျှောက်
ထွက်လာစဉ် ပညာရှိကြီးအပေါ်
မနာလိုမုန်းတီး နေသည့် လူတစ်ယောက်
နဲ့ တွေ့စဉ် ထိုလူက မကြားဝံ့မနာသာ
ဆဲဆိုရင့်း့
" ဒီမှာ့ ဘိုးတော် ခင်များ ဒီရွာ မှာ
သင်ကြားနေတာတွေဟာ
သောက်တလွဲတွေ ချည်းပဲ ဗျ
ခင်များ ရုပ်တည်ကြီး နဲ့ လာလိမ်စား
နေတာ သိလာ့း့ ထွီ "
ဒီလူရဲ့ အဆဲအဆိုတွေ အပေါ် ပညာရှိကြီးက
စိတ်မကောင်းမဖြစ်ပဲ မေးခွန်းတစ်ခုကို
ထိုလူကို မေးလိုက်ပါတယ်။
" ကဲ့ သားရယ့့် အဘတစ်ခု
မေးပါ ရစေ့ ဥပမာ တစ်ခုပေါ့
မင်းက လူတစ်ယောက်ကို တန်ဖိုးရှိတဲ့
လက်ဆောင်တစ်ခု ဝယ်ပေးလိုက်တယ်ကွာ
သို့ပေမယ့့် အဲ့ဒီ လူက မင်းပေးတဲ့ လက်ဆောင်
ကို ယူမသွား ဘူးကွာ့
ဒီတော့ ဒီလက်ဆောင်ကို ဘယ်သူ ပိုင်သလဲ ကွာ ? "
ပညာရှိကြီး ရဲ့ အမေးကြောင့် ထိုလူလည်း
အံ့အားသင့်သွားပြီး တွေသွားပါတယ့့် နောက်
" ဟာ့ သူ မယူသွားတော့ ကျုပ်ပဲ ပိုင်တာပေါ့
လက်ဆောင်က ကျုပ်ဝယ်ထားတာလေ ဗျာ "
ပညာရှိကြီး ပြုံးပြပြီး ပြန်ပြောလိုက်တာက့
" ဒါ အမှန်ပဲပေါ့ကွာ့ တိတိကျကျ ထပ်တူ
နေတာက မင်းရဲ့ ငါ့အပေါ် ထွက်နေတဲ့
ဒေါသတွေ နဲ့ ပဲ့ သား "
" မင်းက ငါ့ကို မကျေနပ်ဒေါသတွေထွက်ပြီး
ဆဲဆိုကြိမ်းမောင်း တယ့့် ဒါပေမယ့် ငါက
မင်းရဲ့ ဒေါသအဆဲအဆိုတွေကို လက်မခံတော့
ဒါတွေဟာ မင်းဆီမှာပဲ ကျန်ခဲ့မယ်လေကွယ် "
" မင့်း့ အခြားသူများ အပေါ် မုန်းတီး
ဒေါသထွက်နေရင် မင်းလည်း ပျော်ရွှင်မှာ
မဟုတ်ပါဘူ့း့ ဒါပေမယ့် မင်းက အခြားသူတွေ
အပေါ် ခွင့်လွှတ် ချစ်ခင်နေမယ်ဆိုရင်
လူတိုင်းဟာ ပျော်ရွှင်နေမှာ ပါ သားရယ် "
ဟု လေသံအေးအေးပြောရင်း ရှေ့ခရီး
ဆက် ထွက်ခွာ သွားခဲ့ပါတယ်။
--------------------------
တစ်ခါတစ်ခါ ကျနော်တို့ တစ်တွေလည်း
ဖြစ်တတ်ကြပါတယ်။
တစ်ယောက်အပေါ် မကျေနပ်ဒေါသ ထွက်
နေတယ်။ ကိုယ်ကသာ မကျေနပ် ဒေါသ
ထွက်နေပေမယ့် တစ်ဘက်လူက မသိတော့
ကိုယ်တိုင်ပဲ မပျော်ရွှင် ဖြစ်ရပါတယ်။
ဒေါသ ဆိုတာကတော့ ထိန်းချုပ်ဖို့ခက်ခဲ
တာတော့ အမှန်ပါပဲ့ ဒါပေမယ့်
အလေ့အကျင့်လေး သတိလေးကပ်ကာ
မိမိ ရဲ့ စိတ်သောက မဖြစ်အောင်
ထိန်းသိမ်းနိုင်ပါကြပါစေ။
No comments:
Post a Comment