တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦး ကသူ့ကျောင်းသား
များ ကို ဈေးကွက်စီးပွားရေးအကြောင်း သင်ကြားနေတဲ့
သင်ခန်းစာ ကောက်နှုတ်ချက်လေးတွေပါ။
ဥပမာလေးတွေကို ခဏလောက်အချိန်ပေး ဖတ်ကြည့်ဖို့
တိုက်တွန်းလိုက်ပါရစေ။
၁။ ကပွဲတစ်ခုမှာ ကိုယ်သဘောကျတဲ့ မိန်းကလေး
တစ်ယောက်ကိုတွေ့တာနဲ့ သူမအနားသွားပြီး ကိုယ်ရဲ့
ချမ်းသာကြွယ်ဝမှုကို ပြောပြရင်း လက်ထပ်ခွင့်
တောင်းလိုက်တယ်။ ဒါက (Direct Marketing)
ဒါရိုက် မာကတ်တင်း သဘောပေါ့။
၂။ ပါတီတစ်ခုမှာ သူငယ်ချင်း က သင်သဘောကျတဲ့
ကောင်မလေး အနားကို သွားပြီး သင်ဘယ်လောက်
တော်ကြောင်း ၊ ချမ်းသာကြောင်းတွေ ပြောမယ်။
သင့်ကို နှစ်သက်လာအောင် ဆွဲဆောင်မယ်။ဒါကိုတော့
(Advertising ) ကိုယ့်ပစ္စည်း ကို ဈေးကွက်ထဲမှာ
ကြော်ငြာခြင်း လို့ခေါ်တယ်။
၃။ မိန်းကလေးက ကိုယ့်အနားကိုရောက်လာပြီး.…
“ရှင့်ရဲ့ အရည်အချင်းတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို
ကျွန်မကြားပြီးပြီ။ ကျွန်မအရမ်းသဘောကျတယ်။ ရှင်…
ကျွန်မ ကို လက်ထပ်နိုင်မလား။” လို့မေးလိုက်တာမျိုး
ကတော့ Brand recogniction…
(ကိုယ့်ဂုဏ်သတင်းကို လူတွေ အသိအမှတ်ပြုလာတာ)
လို့ခေါ်တယ်။
၎။ ပထမ တစ်ခါတုန်းကလိုပဲ ကောင်မလေးနားသွားပြီး
“ကိုယ်ရဲ့ချမ်းသာကြွယ်ဝမှုကိုပြောပြရင်း လက်ထပ်ခွင့်
တောင်းလိုက်တယ်။”
ကောင်မလေးက ပါးပြန်ရိုက်လိုက်တယ်။ ဒါကိုတော့
“Customer Feedback”
စားသုံးသူဘက် က တုန့်ပြန်မှု လို့ခေါ်ပါတယ်။
၅။ သင်က ကောင်မလေးတစ်ယောက်ကို လက်ထပ်ခွင့်
တောင်းလိုက်တယ်။ သူ့မှာ ယောက်ျား ရှိကြောင်း ပြန်
ပြောလိုက်တယ်။ ဒါကိုတော့…
“Supply and Demand Gap” လို့ ခေါ်ပါတယ်။
တောင်းဆိုမှုနဲ့လိုက်လျောနိုင်မှုကြား က အဟလေးပေါ့။
၆။ ကိုယ်အခြားမိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ဖို့
ကြိုးစားနေစဉ်မှာ အိမ်ကမိန်းမ ရောက်လာပြီး
သောင်းကျန်းတာ က…
(Restriction From Entering New Market)
ဈေးကွက်သစ်တစ်ခုထဲကို ဝင်ရောက်ခါနီး ကြုံရတဲ့
အဟန့်အတားတွေလို့ ခေါ်ပါတယ်။
#Copy_n_Credit
:)
ReplyDelete