Thursday, February 23, 2017

ကိုယ့်​ကိုကိုယ်​​လျှော့မတွက်​ပါနဲ့

ကိုယ့်ကိုကိုယ် လျှော့မတွက်ပါနဲ့

 မဖြစ်နိုင်ပါဘူးကွာ…လို့..…
 အော်နေပြီး အရှုံးပေးတော့မှာလား…?
 မဖြစ်နိုင်တာ ကို ဖြစ်အောင်လုပ်ပြီး အနိုင်ယူပြမှာလား
 ဆိုတာ ကိုယ့်ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ်။

 ဒါနဲ့ပတ်သက်ပြီးတော့ ပိတုန်းငှက်နဲ့ဆင်ရဲ့အကြား
 ခြားနားချက်တစ်ခုကို ဝေငှချင်တယ်။
 သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အတိုင်း ပြောရမယ်
 ဆိုရင်…

 ပိတုန်းငှက်က လေပေါ်မှာ ပျံသန်းဖို့ လုံးဝမဖြစ်နိုင်
 ပါဘူးတဲ့။ ပိတုန်းငှက်ရဲ့အတောင်ပံ ဟာ အလွန်ပဲ
 သေးငယ်တဲ့အပြင် ခန္ဓာကိုယ်က ပိုကြီးနေတဲ့ အတွက်
 ဖြစ်ပါတယ်။ ဒါပေမယ့် ပိတုန်းငှက် က လေပေါ်မှာ
 ဘာလို့ပျံသန်းနိုင်တာလဲဆိုတာ စိတ်ဝင်စားမိတယ်။

 ပိတုန်းငှက်က သူ မပျံနိုင်တာကို မသိဘဲနဲ့ ကြိုးစား
 ပျံသန်းရင်းနဲ့ ပျံသန်းနိုင်သွားတာ ဖြစ်ပါတယ်။
 သဘာဝတရား အရ ကန့်သတ်ထားတာကို မသိဘဲနဲ့
 ကြိုးစားရင်း ကနေ အောင်မြင်သွားတဲ့သဘောပါ။

 နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တိရိစ္ဆာန်က
 တော့ ဆင် ပါ။ လူတစ်ယောက် ဟာ လမ်းလျှောက်
 လာရင်း ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့
 ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို
 တွေ့လိုက်ရလို့ အံ့သြသွားပြီး ရုတ်တရက် ရပ်တန့်
 လိုက်တယ်။အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို
 မေးလိုက်ပါတယ်။

 “ အကိုဆင်ထိန်း…ဆင်ဆိုတဲ့သတ္တဝါက တော်တော်
 အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ထိန်းထားတာ
 ကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊
 သံကြိုး လည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်
 ပါတယ်။

 ဆင်ထိန်းက…
 “ ကောင်းပြီ …ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ
 ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းကပေါ့ဗျာ၊
 အဲဒီကြိုးလေးနဲ့ ချီထားတာ၊သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊
 အားမှ မသန်သေးတာကိုး၊ အခု ကြီးလာတော့လည်း
 အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့
 စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူး…
 လို့ စိတ်စွဲနေတာဗျ” လို့ ပြန်ဖြေလိုက်ပါတယ်။

 လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။
 မဖြစ်နိုင်ဘူး ထင်တဲ့အရာတွေ ကို တီထွင်ခဲ့တဲ့…
 ရိုက်ညီနောင် လိုလူတွေ၊ အယ်ဒီဆင်လို လူတွေ၊
 နယူတန် လိုလူတွေ ပိတုန်း လို လူစားတွေအများကြီး
 ရှိပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာ
 ကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့
 အရှုံးပေးလက်လျော့တတ်တဲ့ ဆင်လို လူစားတွေလည်း
 ရှိပြန်ပါတယ်။

 တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။
 ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင် က အရှုံးလို့
 မသတ်မှတ်ပါဘူး။
 ပြန်ထ မလာ မှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံး
 ဆိုတာကို ရင်ဝယ်ပိုက်ထားရင်တော့ တစ်သက်လုံး
 ရှုံးမှာ သေချာပါတယ်။

 #Credit_ကျော်စိုးအောင်

No comments:

Post a Comment