ဘဝအတွက်လေ့ကျင့်ပါ
🔑🔑🔑🔑🔑🔑🔑
လျှောက်ခဲ့တဲ့ လမ်းတိုင်းဟာ အမှန်ဆုံးမဟုတ်တောင်
အကောင်းဆုံးတော့ လျှောက်လှမ်းပါ
ဘဝ ဆိုတာ ထုဆစ်ရတယ် ဆိုပေမယ့်
လူတိုင်းဟာ လိုသလိုမထုဆစ်နိုင်ကြဘူးလေ
ရွေးချယ်ခွင့်ဆိုတာ လူတိုင်းရှိကြပေမယ့်
ရွေးချယ်ရပုံခြင်း အကြောင်းတရား မတူညီကြဘူး
ဘဝ ရဲ့ ဖြတ်သန်းမှုပုံစံတွေ မတူကြပေမယ့်
အကောင်းဆုံး ဆောင်ရွက်ဖြတ်သန်းနေကြတာတူတယ်
ပျော်ရွင်မှုတွေကို တောင်းတနေကြပေမယ့်
ဝမ်းနည်းပူဆွေးမှုက ပိုများနေတတ်တယ်
ဟန်ဆောင်ခြင်းတွေလည်း မကြာခဏကြုံရကောင်း
ကြုံနိုင်ပေမယ့် ကိုယ်လုပ်သင့်တာကို ရှေ့ဆက်လုပ်ပါ
ဓားဆိုတာ သွေးမှထက်တယ်
ဘဝဆိုတာဖြတ်သန်းမှ အဓိပ္ပါယ်ရှိတာပါ
မကြာခဏ ရှုံးနှိမ့်နေလို့လည်း စိတ်ဓာတ်မကျနဲ့
အောင်မြင်သူတိုင်းရဲ့ နောက်ကြောင်းရှုံးနှိမ့်မှုကို
လူတွေ စိတ်မဝင်ကြဘူး
လဲ ကျ နေရင် ပြန်ထလိုက်ပါ မလောပါနဲ့
စစ်ပွဲတိုင်းနိုင်တဲ့ စစ်သူကြီးဟာ တချိန်က
အဆူခံ အရိုက်ခံ ချွေး သွေး တွေရင်းပြီးမ
ှရပ်တည်နိုင်တာပါ
ကြာကြာရပ်ချင်ရင် အောက်ခြေခိုင်အောင့်လေ့ကျင့်ပါ
Credit....ဘာမထီ ဘွား
No comments:
Post a Comment