Friday, February 24, 2017

သင့်ဘဝကိုတိုးတက်ပြောင်းလဲသွားစေမယ့်အချက်များ

သင့်ဘဝကိုတိုးတက်ပြောင်းလဲသွားစေမယ့်အချက်များ
🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

၁။ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်အောင် ကြိုးစားပါ။ တိကျတဲ့ ရည်မှန်းချက်တွေထားပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှသာ သင်လိုချင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ လေ့လာသင်ယူခြင်းက သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် ဗဟုသုတအသစ်တွေကို အမြဲတမ်း ရှာဖွေလေ့လာပါ။

၃။ လက်တလော ရည်မှန်းချက်တွေနဲ့ ရေရှည် ရည်မှန်းချက်တွေကို ခွဲခြားထားပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပါ။ ဒါပေမယ့် သင့်ရဲ့ စိတ်ကူးအိမ်မက်တွေကို ဘဝအခြေအနေအပေါ် မူတည်ပြီး အလိုက်သင့် ပြောင်းလဲပေးသင့်ပါတယ်။

၎။ အတိတ်က စိတ်ညစ်စရာတွေကို မေ့ထားလိုက်ပါ။ အတိတ်က အရာတွေက ပြောင်းလဲလို့ မရနိုင်တော့တာကြောင့် အနာဂတ်အတွက်သာ အချိန်ပေး ကြိုးစားသင့်ပါတယ်။

၅။ သက်သာတဲ့နေရာမှာ နေသာသလိုမနေဘဲ အမူအကျင့်ကောင်းတွေကို သင်ယူ လေ့ကျင့်ပါ။ ဥပမာ သင်က လူအများရှေ့ စကားပြောရတာ ကြောက်တဲ့ လူတစ်ယောက်ဆိုရင် စကားပြောကို ပုံမှန် လေ့ကျင့်နေသင့်ပါတယ်။ အထပ်ထပ် လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ သင်ဟာ လူအများကြား စကားပြောကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။

၆။ ရည်ရွယ်ထားတဲ့ စိတ်ကူးအိမ်မက်တွေကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်ပါ။ အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး သင့်မှာ အိမ်မက်တွေ ရှိနေဖို့ အရေးကြီးပါတယ်။

Credit to လင်းလင်းမောင်
Prospect Myanmar

No comments:

Post a Comment