Thursday, February 23, 2017

ဒါလည်းပြီးသွားမှာပါ

This, too, will pass.”
“ ဒါလည်း ပြီးသွားမှာပါ…”…

ဒုက္ခတွေ ဘယ်လောက်ပဲ
ရောက်နေရောက်နေ၊
ဒါလည်း ပြီးသွားမှာ ဖြစ်လို့
စိတ် တုန်လှုပ်မသွားဖို့နဲ့။

သုခတွေ၊ အောင်မြင်မှုတွေနဲ့
ကြုံရတဲ့အခါမှာ လည်း
ဒါလည်း ပြီးသွားမှာ ဖြစ်လို့
သိပ်ပြီး မာနတွေ ဘ၀င်တွေ မြင့် မနေဖို့
သတိ ပေးထားတဲ့ ဆောင်ပုဒ်လေးပါ။

တကယ်တော့ ဒီဆောင်ပုဒ်လေး က
အဆိုးလောကဓံ နဲ့ကြုံရတဲ့ အခါမှာသာ
နှလုံးသွင်းရမှာ မဟုတ်ပါဘူး။

အကောင်း လောကဓံတွေ နဲ့
ကြုံတွေ့ရတဲ့ အခါတွေ မှာ လည်း
အောက်ခြေ လွတ် မသွားဖို့
သတိပေးနေတဲ့ ဆောင်ပုဒ်လေးပါ။

အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

No comments:

Post a Comment