Sunday, February 16, 2020
ချစ်သူများနေ့
ကျူးကျော်တဲလေးရဲ့ နောက်မှာ..
ရေဘူးခွံတွေ ဆေးနေတဲ့
မိခင်ဖြစ်သူကို..
ပီနန်အိတ် ထမ်းပြီး ပြန်လာတဲ့
၁၀ နှစ် အရွယ် သားဖြစ်သူက..
နောက်ကနေ..မိခင်ရဲ့မျက်လုံးကို လက်နဲ့အုပ်ပြီး ငြိမ်နေလိုက်တယ်..
ဒီတော့..
မိခင်ဖြစ်သူက..
" ဖယ်စမ်းပါ ဖိုးသားရယ် ။ အမေ ဒီမှာ..အလုပ်တွေ မပြီးသေးဘူး ''
မိခင်ရဲ့စကားကြောင့်
ဖိုးသားက မကျေနပ်တဲ့အသံနဲ့..
" အမေကလဲဗျာ..ဘယ်သူလဲ?..ဘာလဲ? တောင်..မမေးဘူး..''
" အံမယ်..မေးစရာလား ။ ဒီအိမ်မှာ တော်နဲ့ကျုပ် နှစ်ယောက်တည်း ရှိတဲ့ဟာကို..ဟွမ်း..''
ဒီတော့..
ဖိုးသားက..
" အာ့ဆို..အမေ မျက်စိ မှိတ်လိုက်..''
" ကဲ..သားရယ် ။ အမေ့ကို လာမရှုပ်စမ်းပါနဲ့ ။ သွား..အပေါ်မှာ အမေ ထမင်းခူးထားတယ် ။ သွားစားချေ ''
" ဟာ..မရဘူးဗျာ ။ အမေ မျက်စိ မှိတ်လိုက် ။ ပြီးရင်..သား ဖွင့်ဆိုမှ ဖွင့်..''
" ဟင်းးး..''
မိခင်က
သက်ပျင်းတစ်ခုကို ချလိုက်ရင်း..
" ကဲကဲ..မှိတ်ပါပြီတော်..''
မိခင်က..
မျက်လုံး မှိတ်လိုက်တော့..
ဖိုးသားက.. လွယ်အိတ်ထဲက..
ဗူးတစ်ခုကို ဖွင့်၍..ရှေ့သို ချလိုက်ပြီး..
" ဒန်တန်တန်....ရပြီ..ဖွင့်ကြည့်တော့..''
မိခင်က
ဖွင့်ကြည့်လိုက်တော့..
ဂျေဒိုးနတ် မုန့်ဗူးလေး..
" သား..ဒါက..''
" အမေ့အတွက်လေ..ဟိုတလောက အမေ..စားချင်တယ်.ပြောလို့..အဲ့ဒါ သား..ပိုက်ဆံစုပြီး ဝယ်လာတာ..''
" သားရယ်...သက်သက် ပိုက်ဆံ ကုန်လို့ ။..ဘာလို့..ဝယ်လာတာလဲ..''
" အွန်..ဘာမှ မကုန်ပါဘူး အမေရဲ့.။ ဒီနေ့က ချစ်သူများနေ့လေ..။အာ့ကြောင့် အမေ့ကို စပရိုက် လုပ်တာ ဟီးဟီး ''
" ဪ..ဒီကလေး။..ချစ်သူများနေ့ ဆိုတာ..သမီးရီးဇားတွေ..အတွက် ပြောတာ.သားရဲ့.''
ဤအခါ
ဖိုးသားလေးက..
" ဟာ..မသိဘူးဗျာ ။ အမေ့ကို သားချစ်တယ် ။ သားဘဝမှာ အချစ်ရဆုံးသူက အမေပဲ ။ သား ချစ်တဲ့သူကို..သား.. စားစေချင်တာ..ဝယ်ကျွေးတာ။..သား သိတာ..ဒါပဲ ''
" သားရယ်..''
မိခင်က
ဖိုးသားလေးကို
ရင်ခွင်ထဲ ဆွဲပွေ့ရင်းက..
" အမေလည်း..သားကို သိပ်ချစ်ပါတယ် သားရယ် ''
ဥစ္စာပစ္စည်း မပြည့်စုံပေမယ့်လည်း....
၅၂၈ သော ချစ်မေတ္တာတွေ..
ဝေဆာပွင့်ဖူးနေသော..
ဖိုးသားတို့ သားအမိရဲ့..ကြည့်နူးဖွယ်ရာ..နေ့လေး တစ်နေ့.. ဆိုလည်း..မှားနိုင်ပါ့မလား ဗျာ....''
😍😍😍😍😍😍
#လူချွန်တော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment